Homeပြည်တွင်းသတင်းပြန့်ကျဲနေတဲ့ ကယန်းလက်နက်ကိုင်တပ်တွေကို ပြန်လည်ပေါင်းစည်းပြီး ကယန်းအမျိုးသားတပ်မတော်ဖွဲ့စည်း

ပြန့်ကျဲနေတဲ့ ကယန်းလက်နက်ကိုင်တပ်တွေကို ပြန်လည်ပေါင်းစည်းပြီး ကယန်းအမျိုးသားတပ်မတော်ဖွဲ့စည်း

၃၀ အောက်တိုဘာ၊၂၀၂၄

ကယားပြည်နယ် (ကရင်နီ) ပြည်နယ်တွင်း ပြန့်ကျဲနေတဲ့ ကယန်းလက်နက်ကိုင်တပ်တွေကို ပြန်လည်ပေါင်း စည်းပြီး စစ်အာဏာရှင်ကို တော်လှန်ဖို့အတွက် ကယန်းအမျိုးသားတပ်မတော် (KNA) ဖွဲ့စည်းထူ ထောင်လိုက် တယ်လို့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

ကရင်နီပြည်တွင်းက လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံဒေသနဲ့ တခြား ကယန်းဒေသတွေမှာရှိတဲ့ ပြန့်ကျဲနေတဲ့ ကယန်းလက်နက်ကိုင်တပ်ဖွဲ့တွေကို ပြန်လည်ပေါင်းစည်းပြီး KNA ကို ဖွဲ့စည်းထားတယ်လို့လည်းဆိုပါတယ်။

ကယန်းဒေသအတွင်းမှာရှိတဲ့ တော်လှန်ရေးမှာ ဦးဆောင် ပါဝင်နေသူတွေနဲ့ ကော်မတီတစ်ရပ် စုစည်းဖွဲ့စည်းကာ KNA ကို ဦးဆောင်သွားမှာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပြည်ထောင်စုအစိုးရအဖြစ် အသိ အမှတ်ပြုပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ် ပြန်ထားပါတယ်။

ကယန်းအမျိုးသားတပ်မတော် (KNA) အခြေခံမူတွေအနေနဲ့ ကယန်းအမျိုသားတပ်မတော် ဖွဲ့စည်းတည် ဆောက်ရေး၊ ကယန်းလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ တစ်စုတစ်စည်းတည်း ပေါင်းစည်းရေး၊ အဖိနှိပ်ခံ ပြည်သူ တွေကို ကာကွယ်ပေးရေးအပါအဝင် အချက် ၉ ချက်ကို ပြဌာန်းထားပါတယ်။

ဒါ့အပြင်အမျိုးသားရည်မှန်းချက်အနေနဲ့ ကယန်းတစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ဖော်ဆောင်ရေး၊ ပါတီစုံဒီမိုကရေစီကျင့်သုံးအရေးအပါအဝင် အချက် ငါးချက်တို့တို့လည်း ဆောင်ရွက် သွားမယ် လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo – KNA

ဆက်စပ် သတင်းများ

Most read