၂၁ ဒီဇင်ဘာ၊၂၀၂၄
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် နဲ့ မတ္တရာမြို့နယ်စပ်မှာရှိတဲ့ စစ်ကောင်စီစခန်းတစ်ခုကို သိမ်း ပိုက် ရရှိပြီး စစ်သုံ့ပန်းအချို့ ဖမ်းဆီးရမိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဒီဇင်ဘာ ၂၁ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မတ္တရာမြို့နယ်အတွင်း ဒီဇင်ဘာ ၁၉ ရက်ကစလို့ တိုက်ပွဲပြင်းထန်နေပြီး အဲ့ဒီနေ့ မနက် ၉နာရီမှာ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ် နဲ့ (၁၈)မိုင်ခန့်သာ ကွာဝေးတဲ့ ပုသိမ်ကြီးမြို့နယ် နဲ့ မတ္တရာမြို့နယ်အစပ်မှာရှိတဲ့ ထန်းပင်ကုန်း ကျေးရွာအတွင်းက စစ်ကောင်စီစခန်းကို သိမ်းပိုက်ရှိခဲ့တာဖြစ်ကြောင်းနဲ့ မတ္တရာမြို့နယ်အတွင်းက အခြားသော နေရာတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ မန္တလေး PDFက အသိပေးထားပါတယ်။
တိုက်ပွဲတွေအတွင်း ရန်သူ့ထံမှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းတွေကို လည်း ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။
ထို့အပြင် သပိတ်ကျင်းမြို့နယ် နဲ့ နောင်ချိုမြို့နယ်တွေမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ အကြမ်းဖက် စစ်ကောင်စီအကြား တိုက်ပွဲတွေပြင်ထန်လျှက်ရှိတယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။
Photo – MDY- PDF