Homeပြည်တွင်းသတင်းပုဂ္ဂလိကဘဏ်ပိုင်ရှင်တွေ နေပြည်တော်မှာပြုလုပ်မယ့် အစည်းအဝေးကို မပျက်မကွက်တက်ဖို့ ဗဟိုဘဏ် ညွှန်ကြားလာ

ပုဂ္ဂလိကဘဏ်ပိုင်ရှင်တွေ နေပြည်တော်မှာပြုလုပ်မယ့် အစည်းအဝေးကို မပျက်မကွက်တက်ဖို့ ဗဟိုဘဏ် ညွှန်ကြားလာ

၁၀ ဇူလိုင်၊၂၀၂၄
ဇူလိုင်လ ၁၀ ရက် နေ့ နေပြည်တော်မှာ ပြည်လုပ်မယ့် ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်တွေဆွေးနွေးမယ့် အစည်း အဝေးကို ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တွေ မဖြစ်မနေတက်ရောက်ဖို့ ဗဟိုဘဏ်ရဲ့ လျို့ဝှတ်ညွှန်ကြား စာတစ် ဆောင် ဒီကနေ့မှာထွက်ပေါ်လာပါတယ်။

အဆိုပါ လျှို့ဝှတ်ညွှန်ကြားစာကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဇူလိုင်လ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ထားတာဖြစ်ပြီး အစည်းအဝေးကို ဇူလိုင်လ ၁၀ ရက်နေ့ မနက်ဖြန် နေပြည်တော်ကောင်စီရုံးမှာ ပြုလုပ် မှာဖြစ်ပါတယ်။

လျှို့ဝှတ်ညွှန်ကြားစာအရ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေဆွေးနွေးမှာဖြစ်တယ်လို့သိရပြီး အစည်းအဝေး ကို စစ်ကောင်စီရဲ့ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊တွဲဖက်အတွင်းရေးမှူးနဲ့ ပြည်ထဲရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးတို့ တက်ရောက်မှာဖြစ်တယ်လို့ သိရပြီး ပြည်တွင်းက ပုဂၢလိကဘဏ် လုပ်ငန်းရှင် တွေလည်း မပျက်မကွက် တက်ရောက်ရမှာဖြစ်တယ်လို့ ပါရှိပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ကလည်း ရိုးမဘဏ်၊ ဧရာ၀တီဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ် (၇) ခုကို အိမ်ရာချေးငွေတွေအများအပြားထုတ်ချေးထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးယူမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read