Homeပြည်တွင်းသတင်းပတ္တနိက္ကုဇ္ဇန ကံဆောင်ပြီး သပိတ်မှောက်တဲ့ မြို့နယ် ၁၇ ခုထိ ရှိလာ

ပတ္တနိက္ကုဇ္ဇန ကံဆောင်ပြီး သပိတ်မှောက်တဲ့ မြို့နယ် ၁၇ ခုထိ ရှိလာ

၃ ဇူလိုင်၊ ၂၀၂၄

ဇူလိုင်လ ၂ ရက်က မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းမှာ မြို့နယ် သုံးခုက သံဃာတော်တွေ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်ပြီး သပိတ်မှောက်ပြီး ချီတက်ဆန္ဒပြတဲ့အတွက် စစ်ကောင်စီကို ကံဆောင်သပိတ် မှောက်တဲ့ မြို့နယ် ၁၇ ခုအထိ တိုးလာပြီလို့ သိရပါတယ်။

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ် လိုက်တဲ့ အတွက် စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က သံဃာတော်တွေက စတင် ကံဆောင်ပြီး မြင်းခြံ ခရိုင်က မြင်းခြံ၊ တောင်သာ နဲ့ နွားထိုးကြီးမြို့နယ်တို့က သံဃာတော်တွေကလည်း သံဃာ့သပိတ်မှာ ပူးပေါင်းပါဝင်လာတာ ဖြစ်ပါတယ်။

ဇူလိုင်လ ၂ ရက် မနက်ပိုင်းက သံဃာတော်တွေနဲ့ ပြည်သူတွေ စုပေါင်းပြီး ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်လှုပ်ရှားမှုကို မြင်းခြံခရိုင်အတွင်းမှာ ပြုလုပ်ကြပြီး သံဃာနဲ့ပြည်သူတွေကို မြင်းခြံခရိုင်၊ တပ်ရင်းအမှတ် ၁ ၊ တပ်ရင်းအမှတ် ၃၊ တပ်ရင်းအမှတ် ၈ ၊ မြင်းခြံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မလှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းပါဝင်ပေးခဲ့တယ်လို့ သိရပါတယ်။

ကံဆောင်သပိတ်ကို ဇွန်လ ၂၃ ရက်မှာ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှ သံဃာတော်များ စတင်ပြု လုပ်ခဲ့တာဖြစ်ပြီး ပခုက္ကူမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မုံရွာမြို့နယ် ၊ မြိုင်မြို့နယ် ၊ ဝက်လက်မြို့နယ်၊ မြင်းမူ၊ အရာတော်မြို့၊ ဘုတလင်မြို့နယ်၊ မြင်းမူမြို့နယ်၊ ထားဝယ်မြို့နယ် ပေါက်မြို့နယ်၊ မြင်းခြံမြို့နယ်၊ တောင်သာနဲ့ နွားထိုးကြီးမြို့နယ် စုစုပေါင်း ၁၇ မြို့နယ် ရှိနေပြီ ဖြစ်ပါတယ်။

ဇွန်လ ၁၉ ရက်မှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လိုက်တဲ့အတွက် သံဃာတော်တွေက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် မှောက်လာတာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read