Homeပြည်တွင်းသတင်းနေ့စဉ်ဗုံးကျဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလ ထပ်တိုးကြေညာ

နေ့စဉ်ဗုံးကျဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလ ထပ်တိုးကြေညာ

၂၃ ဧပြီ၊၂၀၂၅

အရပ်သားပြည်သူတွေကို နေ့စဉ်ဗုံးကျဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ယာယီအပစ်အခတ်ရပ်ဆဲရေးကို ၁ ပတ်သက်တမ်းတိုးတယ်လို့ ကြေညာပါတယ်။

၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃ ရက်ကနေ ၃၀ ရက် အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ဧပြီ ၂၂ ရက် ရက်စွဲနဲ့ ထပ်မံ တိုးမြှင့် ထုတ်ပြန်လိုက်တာပါ။

ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်တည်ဆောက် ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင််််ဖို့ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ထပ်မံတိုးမြှင့်လိုက်တယ်လို့ဆိုပါတယ်။

ဒါပေမယ့် ငလျင်မဖြစ်ခင်၊ ဖြစ်ပြီးကာလတွေမှာလည်း စစ်ကောင်စီဟာ အရပ်သားနေအိမ်တွေ၊ စာသင်ကျောင်းတွေ နဲ့ ဘာသာရေးအဆောက်အဦးတွေကို လေကြောင်းကနေ နေစဉ်ရက်ဆက် တိုက်ခိုက်မှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ပုံစာ – ဧပြီ ၁၈ ရက်က ကျည်တောက်ပေါက်ရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီးမြင်ကွင်း

ဓါတ်ပုံ – CJ

ဆက်စပ် သတင်းများ

Most read