Homeပြည်တွင်းသတင်းနောင်ချို၊မိုးကုတ်နဲ့ မိုးမိတ်မြို့ခံတွေ လေကြောင်း၊လက်နက်ကြီးအန္တရာယ်သတိထားဖို့ TNLA သတိပေး

နောင်ချို၊မိုးကုတ်နဲ့ မိုးမိတ်မြို့ခံတွေ လေကြောင်း၊လက်နက်ကြီးအန္တရာယ်သတိထားဖို့ TNLA သတိပေး

၃ ဩဂုတ်၊၂၀၂၄

နောင်ချိုမြို့၊ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေကို တအာင်းတပ်မတော်(TNLA) ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကာင်စီက လေကြောင်းနဲ့ တိုက်ခိုက်လာနိုင်တာကြောင့် မြို့ခံတွေအနေနဲ့ လေကြောင်း၊လက်နက်ကြီးအန္တရာယ်သတိထားဖို့ TNLA က သတိပေးထားပါတယ်။

စစ်ကောင်စီတပ်က လက်ရှိမှာ စစ်ဥပဒေစည်းမျဉ်းတွေ လိုက်နာခြင်းမရှိတဲ့ အခြေအနကို TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက ဩဂုတ် ၂ရက်က ထုတ်ဝေခဲ့တဲ့ ဇူလိုင်ထုတ် စာစောင်မှာဖော်ပြထားပြီး စစ်ကောင်စီဟာ လေကြောင်း၊လက်နက်ကြီးရန်အပြင် တပ်စခန်းအနီးတဝိုက်မှာ မြေမြှုပ်မိုင်းတွေ၊ မိုင်းတွေနဲ့ ပေါက်ကွဲတက်တဲ့ စစ် အသုံးအဆောင်တွေ မြှုပ်နှံထားတာကြောင် ပြည်သူတွေ မိုင်းအန္တရာယ် သတိရှိဖို့ကိုလည်း TNLA က တိုက်တွန်းထားပါတယ်။

မိုင်းများတွေ့ရှိပါက သက်ဆိုင်ရာ မြို့နယ်တွေက တာဝန်ရှိသူတွေထံ အကူအညီတောင်းခံဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီမှ လေကြောင်းမှ ၂၇၆ကြိမ် ၊ လက်နက်ကြီးဖြင့် အကြိမ် တစ်ထောင်ကျော် တိုက်ခိုက်ခဲ့ရာ အရပ်သား ၁၃၃ဦး သေဆုံးပြီး ၁၇၀ဦး ဒဏ်ရာရခဲ့သလို ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်းနဲ့ အရပ်သား နေအိမ်၁၀၀ ကျော်ပျက်စီးခဲ့တယ်လို့လည်း TNLAက ထုတ်ပြန်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကတည်းက ကိုးကန့်တပ်ဖွဲ့(MNDAA)က သိမ်းပိုက်ထားတဲ့ လောက်ကိုင်နဲ့ သိန္နီမြို့နယ်တွေကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာ တစ်လကျော်အတွင်း အရပ်သား ၁၄ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့တယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) တိုက်ပွဲများတွင် အရပ်သား သေဆုံးထိခိုက်မှု အများဆုံး ဒေသများမှာ လားရှိုး တိုက်ပွဲဖြစ်ပြီး အရပ်သား ၅၀ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျောက်မဲ၊ မိုးမိတ်၊မိုးကုတ်နဲ့ သီပေါမြို့နယ်တွေမှာလည်း အရပ်သား သေဆုံးထိခိုက်မှုများရှိခဲ့ပြီး ဒဏ်ရာရ သူအများအပြားရှိခဲ့သလို စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ဒေသခံသောင်းချီ စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

Photo- PSLF/TNLA

ဆက်စပ် သတင်းများ

Most read