Homeပြည်တွင်းသတင်းနောင်ချိုမြို့ တိုက်ပွဲတွေမှာ စစ်ကောင်စီက အဆိပ်ငွေ့ဗုံး ၃ လုံးအသုံးပြုတိုက်ခိုက်ခဲ့‌တယ်လို့ TNLA ဆို

နောင်ချိုမြို့ တိုက်ပွဲတွေမှာ စစ်ကောင်စီက အဆိပ်ငွေ့ဗုံး ၃ လုံးအသုံးပြုတိုက်ခိုက်ခဲ့‌တယ်လို့ TNLA ဆို

၅ ဇူလိုင်၊ ၂၀၂၄

နောင်ချိုမြို့က စစ်ကောင်စီ ဒုံးတပ်ရင်း ၆၀၆ တပ်စခန်းမှာစစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံး သုံးလုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန် ကြေညာပါတယ်။

တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြိုနယ် စစ်ကောင်စီ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇွန်လ ၄ရက် နေ့လည် (၂း၀၀) နာရီဝန်းကျင်မှာ အဆိပ်ငွေ့ဗုံး (၃) လုံး အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင် (၈)ဦးဟာ အဆိပ်ငွေ့သင့်ပြီး အသက်ရှုမြန်ခြင်း၊ စိတ်လှုပ်ရှားမှုမြန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင် ကျခြင်းနဲ့ မအီမသာဖြစ်ခြင်း ခံစားနေရပြီး ဆေးကုသမှု ခံယူနေတယ်လို့ ကြေညာထားပါတယ်။

နောင်ချိုမြို့က ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းကို တိုက်ခိုက်တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လွန်ခဲ့သည့် ဇွန်လ ( ၁)ရက်မှာ အဆိပ်ငွေ့ဗုံး (၁)လုံး နဲ့ ဇွန်လ (၄) ရက်မှာ အဆိပ်ငွေ့ဗုံး (၃)လုံး စုစုပေါင်း အဆိပ်ငွေ့ဗုံး (၄)လုံးနဲ့ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Photo- PSLF/TNLA

ဆက်စပ် သတင်းများ

Most read