Homeပြည်တွင်းသတင်းနောင်ချိုမြို့မ ရဲစခန်းမှာတွေ့ရှိ သိမ်းဆည်းထားတဲ့ မူးယစ်ဆေးဝါး မှတ်တမ်း ဓာတ်ပုံတွေ TNLA ထုတ်ပြန်

နောင်ချိုမြို့မ ရဲစခန်းမှာတွေ့ရှိ သိမ်းဆည်းထားတဲ့ မူးယစ်ဆေးဝါး မှတ်တမ်း ဓာတ်ပုံတွေ TNLA ထုတ်ပြန်

၂၈ ဇွန်၊ ၂၀၂၄

ရှမ်းပြည်နယ်၊ နောင်ချိုမြို့မ ရဲစခန်းက TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်များ သိမ်းဆည်း ရရှိထားတဲ့ မူးယစ် ဆေးဝါး တွေရဲ့ မှတ်တမ်း ဓာတ်ပုံတွေကို TNLA က ဇွန်လ ၂၇ ရက်က ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၇ ရက်မှာ နောင်ချိုမြို့တွင်းက အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ အစိုးရရုံးတွေက TNLA က တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့အခါ နောင်ချိုမြို့မရဲစခန်းအတွင်းက မူးယစ်ဆေးဝါးပစ္စည်းနဲ့ ယာမဆေး ပြား အမြောက်အများ ဖမ်းဆီးရရှိခဲ့တာ ဖြစ်ပါတယ်။

နောင်ချိုမြို့အတွင်းကို ဇွန်လ ၂၆ ရက်မှာ TNLA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက် ခိုက်ခဲ့ပြီး ဇွန်လ ၂၇ ရက်မှာ မြို့ကို ထိန်းချုပ်နိုင်တဲ့အတွက် စစ်ကောင်စီလက်အောက်က ဌာနအဆောက် အဦးတွေကို ဝင်ပြီးစစ်ဆေးတဲ့အခါ ရဲစခန်းအတွက် မူးယစ်ဆေးတွေကို ရှာဖွေ သိမ်းဆည်း ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read