Homeပြည်တွင်းသတင်းနေပြည်တော်လေတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ပြည်သူတွေကို ရိုက်နှက်ဖမ်းဆီး

နေပြည်တော်လေတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ပြည်သူတွေကို ရိုက်နှက်ဖမ်းဆီး

၁၇ ဇူလိုင်၊ ၂၀၂၄

နေပြည်တော်အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ပန်းတင်ကျေးရွာအနီးက လယ်သမားတွေနဲ့ မြက်ရိတ်သူတွေကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်မနက်ပိုင်းမှာ အေလာလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလေတပ်အရာရှိ ၄ ဦးနဲ့ တပ်သား ၁၂ ဦး သေဆုံးခဲ့တဲ့အပြင် A-5 Bomber Jet Fighter ၁ စီးနဲ့Jet Fighter ၁ စီးတို့ထိခိုက်ပျက်စီးခဲ့သလို Y-12 Military Transport Aircraft ၁ စီးလည်း ထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်တွေဟာ ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေပျံသန်းပြီးပစ်ခတ်သူတွေကိုရှာဖွေကာ လေတပ်စခန်းအနီးက ပန်းတင်ကျေးရွာနားက လယ်သမားနဲ့ မြက်ရိတ်သူတွေကိုပါ ရိုက်နှက်ဖမ်းဆီးသွားကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပြချက်အရ သိရပါတယ်။

အဖမ်းခံရသူ ၂၀ ဦးဝန်းကျင်ရှိနိုင်ပြီး ဇူလိုင်လ ၁၇ ရက် မနက်ပိုင်းအထိ အဆက်အသွယ်မရတော့တဲ့အပြင် ဘယ်ကိုဖမ်းသွားတယ်ဆိုတာကိုလည်း စုံစမ်းလို့ မရသေးဘူးလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Mountain Knights Civilian Defense Force (MKCDF) အဖွဲ့ နဲ့ Mercury Revolution Force (MRF)တို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့စီမံမှုနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တိုက်ခိုက်တဲ့ရဲဘော်တွေက ဘေးကင်းနေပြီလို့ ကြေညာထားပါတယ်။

ဆက်စပ် သတင်းများ

Most read