Homeပြည်တွင်းသတင်းနေပြည်တော်မှာ မိသားစု ၃ ဦးသတ်ဖြတ်ခံရမှုဖြစ်ပွား

နေပြည်တော်မှာ မိသားစု ၃ ဦးသတ်ဖြတ်ခံရမှုဖြစ်ပွား

၁၂ သြဂုတ်၊ ၂၀၂၄

နေပြည်တော်ကောင်စီနယ်မြေမှာ မိသားစု ၃ ဦး သတ်ဖြတ်ခံရကာ နေအိမ်ရှိပစ္စည်းတွေပါပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဥတ္တရသီရိမြို့နယ်၊ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်း၊ အိမ်အမှတ် (၅၉၅၈)မှာ အနံ့တစ်ခုရနေကြောင်း ပတ်ဝန်းကျင် တိုင်ကြားချက်အရ သွားစစ်တဲ့အခါ မိသားစု ၃ ဦးသတ်ဖြတ်ခံထားရတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူတွေဟာ မိဘ ၂ ပါးနဲ့ သားဖြစ်သူတို့ ဖြစ်ပြီး ဘယ်နေ့က သတ်ခဲ့လဲ မသိရသေးဘူးလို့ ပတ်ဝန်းကျင်မှာ နေထိုင်သူတွေထံကနေ သိရပါတယ်။

သတင်တွေမှာဖော်ပြချက်အရ နေအိမ်ပိုင်ရှင် ဦး…(၄၉နှစ်)ကို နေအိမ် မီးဖိုချောင်အတွင်း ဝဲရင် ဘတ်ထိုးသွင်းဒဏ် ရာ ၂ ချက်၊ ဇနီးဖြစ်သူ ဒေါ်…(၄၈နှစ်)ကို ရေချိုးခန်းအိမ်သာအတွင်း ဝဲဘက်ဒူးအပေါ်ဓားဝင်ဒဏ်ရာ ၁ ချက်၊ ဝဲပေါင်ထိုးသွင်းဒဏ်ရာ ၁ချက်၊ယာဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ရင်ဘတ်ထိုးသွင်း ဒဏ်ရာ ၁ ချက်၊ သားဖြစ်သူ မောင်….(၂၉ နှစ်)ကို နေအိမ်အခန်းအတွင်း ကုတင်ပေါ်မှာ နောက်ကျောယာဘက် ထိုးသွင်းဒဏ်ရာ ၃ ချက်တို့နဲ့ သေဆုံးနေတာကို သြဂုတ်လ ၁၀ ရက်နေ့က မွန်းလွဲ၂နာရီကျော်ကတွေ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သေဆုံးသူမိသားစု ပိုင်ဆိုင်တဲ့ Ractis အမျိုးအစား 5E/9185 ခဲရောင်မော်တော်ယာဉ် ၁ စီးနဲ့ သေဆုံးသူတွေ ကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်း ၃ လုံးတို့လည်းပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အလောင်းတွေကိုတော့ နေပြည် တော်ကုတင်(၁ဝဝဝ) ပြည်သူဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read