Homeပြည်တွင်းသတင်းနိုင်ငံအနှံ့စစ်ရေးအရှိန်မြှင့်မှုတွေနဲ့အတူ မြို့ပြစစ်ပွဲများပါ ဖော်ဆောင်နေတာကြောင့် တိုက်ပွဲတွေအတွင်း ပြည်သူတွေထိခိုက်မှုလျော့ပါးသက်သာစေဖို့ ပြင်ဆင်ဆောင်ရွက်ရမယ့် အချက်များကို NUG ထုတ်ပြန်

နိုင်ငံအနှံ့စစ်ရေးအရှိန်မြှင့်မှုတွေနဲ့အတူ မြို့ပြစစ်ပွဲများပါ ဖော်ဆောင်နေတာကြောင့် တိုက်ပွဲတွေအတွင်း ပြည်သူတွေထိခိုက်မှုလျော့ပါးသက်သာစေဖို့ ပြင်ဆင်ဆောင်ရွက်ရမယ့် အချက်များကို NUG ထုတ်ပြန်

၁၇ဇူလိုင်၊၂၀၂၄

နိုင်ငံအနှံ့စစ်ရေးအရှိန်မြှင့်မှုတွေနဲ့အတူ မြို့ပြစစ်ပွဲများပါ ဖော်ဆောင်နေတာကြောင့် မြို့ပြဒေသတွေမှာ နေထိုင်ကြတဲ့အရပ်သားပြည်သူတွေအနေနဲ့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြစဉ်အတွင်း ထိခိုက်မှုလျော့ပါးသက်သာစေဖို့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားရပါမယ်။

ကျေးလက်ဒေသတွေမှာလို ဗုံးခိုကျင်းနှင့်ကတုတ်ကျင်းတွေတူးဖော်ဖို့ခက်ခဲတဲ့ မြို့ပေါ်ရပ် ကွက်တွေမှာ နေထိုင်ကြသူတွေ၊ အထပ်မြင့်အဆောက်အအုံတွေမှာ နေထိုင်ကြသူတွေအနေနဲ့ မိမိတို့နေ အိမ်ဝန်းခြံများ အတွင်း အရေးပေါ်ခိုလှုံရာနေရာတွေ စီမံဆောင်ရွက်ထားမယ်ဆိုရင် အန္တရာယ်ကျရောက်ချိန်မှာ အသက် အန္တရာယ်ဆုံးရှုံးရတာ၊ ထိခိုက်ဒဏ်ရာရတာတွေ သက်သာ စေမှာဖြစ်ပါတယ်။

ကျနော်တို့ပတ်ဝန်းကျင်မှာ ရရှိနိုင်တဲ့ပစ္စည်းတွေကို သုံးပြီး နေအိမ်ဝန်းခြံတွေထဲမှာ နည်းစနစ်တကျ အရေးပေါ်ခိုလှုံရာနေရာတွေ ဖန်တီးထားနိုင်ကြဖို့ ဆောင်ရွက်ပုံအဆင့်ဆင့်ကို ပုံတစ်ပုံချင်းစီမှာ ဖော်ပြပေးထားပါတယ်။ အခုလို ခက်ခဲတဲ့ကာလမှာ ချစ်ခင်ရသူတွေကိုလည်း ပြန်လည်မျှဝေပေး ကြဖို့ပါ တိုက်တွန်းလိုပါတယ်။

ဆက်စပ် သတင်းများ

Most read