၁၉ ဖေဖော်ဝါရီ၊ ၂၀၂၅
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုတွေကြောင့် ရန်ကုန်မြို့လယ်ခေါင်ရှိ Peninsula Hotel စီမံကိန်းကို ဟောင်ကောင်ဘက်က ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။
အဆိုပါ စီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ပ့န်လည်စတင်နိုင်ရန်ပြင်ဆင်ခဲ့သော်လည်း ယခုအခါ အပြီးတိုင်ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
” စီမံကိန်းကို ဟိုဘက်က ရပ်လိုက်တာ။ အကြောင်းလေးတွေရှိမှာပေါ့။ သူတို့ပြောတာကတော့ နိုင်ငံရေးအခြေအနေကလည်း မကောင်းသလို ခရီးသွားလုပ်ငန်းကလည်း မျှော်လင့်စရာမရှိဘူးဆိုပြီး ပြောတယ်။ တစ်ကယ်လည်းဟုတ်တာပဲ။ ဆူးလေရှန်ဂရီလာဟာတောင် ယနေ့အချိန်ထိပြန်မဖွင့်နိုင်သေးတာ။ လုပ်လက်စစီမံကိန်းတွေဆို အချိန်မရွေးရပ်ဆိုင်းနိုင်တယ်။ နှမြောဖို့ကောင်းတာပေါ့” လို့ Non – CDM မီးရထားအရာရှိတစ်ဦးက New Day Myanmar ကိုပြောပါတယ်။
ထို့ပြင် စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံထားသောငွေအားလုံးကို စာရင်းမှ ပယ်ဖျက်လိုက်တယ်လို့ သိရပါတယ်။
မီးရထားပိုင်မြေနေရာမှာ တည်ဆောက်နေတဲ့ ရန်ကုန် Peninsula Hotel စီမံကိန်းဟာ စင်ကာပူစတော့အိ တ်ချိန်းစာရင်းဝင် Yoma Strategic Holdings နှင့် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် First Myanmar Investment တို့ပါဝင်သော Serge Pun (ခေါ်) ဦးသိမ်းဝေရဲ့ Yoma Group နဲ့ပူးပေါင်းဆောင်ရွက်ထား တာဖြစ်ပါတယ်။
Hongkong and Shanghai Hotels က ပူးပေါင်းလုပ်ငန်း၏ ၇၀% ကို ပိုင်ဆိုင်ပြီး ကျန်ရှိသော ၃၀% ကို Yoma Group က ပိုင်ဆိုင်ထားပြီးယခင်ကိုလိုနီခေတ်ဟောင်း မြန်မာ့မီးရထားဌာနချုပ်နေရာကို ပြန်လည်ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် အခန်း ၈၈ ခန်းပါ ဟိုတယ်တစ်ခုအား တည်ဆောက်မည့်စီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့တာဖြစ်ပါတယ်။
Photo – NDM