Homeပြည်တွင်းသတင်းနိုင်ငံတော်အသစ် လုံးဝတည်ထောင်မှာမဟုတ်သလို မြန်မ့ာအရေး ကြားဝင်စေ့စပ်ပေးဖို့ တရုတ်ကို MNDAA တောင်းဆို

နိုင်ငံတော်အသစ် လုံးဝတည်ထောင်မှာမဟုတ်သလို မြန်မ့ာအရေး ကြားဝင်စေ့စပ်ပေးဖို့ တရုတ်ကို MNDAA တောင်းဆို


၁၉ စက်တင်ဘာ၊၂၀၂၄

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) အနေနဲ့ မြန်မာနိုင်ငံကနေ ခွဲထွက်ပြီး နိုင်ငံတော်အသစ် လုံးဝတည်ထောင်မှာမဟုတ်ကြောင်းနဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ဖြေရှင်းပေးဖို့ လိုတယ်လို့ MNDAA က တောင်းဆိုလိုက်ပါတယ်။

MNDAA အနေနဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဆိုတဲ့ နိုင်ငံရေး ရပ်တည်ချက်ကို လုံးဝ ပြောင်းလဲမှာ မဟုတ်သလို၊ နိုင်ငံတော်ကနေ ခွဲထွက်တာတွေ၊ နိုင်ငံတော် အာဏာကို လုယူတာတွေနဲ့ လွတ်လပ်ရေးရယူပြီး နိုင်ငံတော်အသစ်ထူထောင်တာတွေ လုံးဝ လုပ်သွားမှာ မဟုတ်ဘူးလို့ စက်တင်ဘာလ ၄ ရက်န့မှာ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်လက်ပြီး MNDAA အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်ရေးနဲ့ နိုင်ငံရေးပူးပေါင်း ဆောင်ရွက်မှာမဟုတ်သလို စစ်နယ်မြေချဲ့တာ လက်ရှိတိုက်ပွဲတွေအတွင်း တောင်ကြီးနဲ့ မန္တလေးကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်ဆောင်မှာမဟုတ်ဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြပါ ရှိပါတယ်။

တရုတ် နဲ့ မြန်မာအသိုင်းအဝိုင်းကို ဆန့်ကျင်တဲ့ မည့်သည့် နိုင်ငံခြားလူအသိုက်အဝန်းကိုမဆို ဆန့်ကျင်သွား မယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြား ကြားဝင်စေ့စပ်ဖြေရှင်း ပေးဖို့လိုနေကြောင်းနဲ့ မိမိတို့အနေနဲ့လည်း မိမိကိုယ်ကို ခုခံပာကွယ်ခွင့်ကလွဲပြီး ချက်ချင်းအပစ်အခတ်ရပ်စဲပြီး တရုတ်နိုင်ငံနဲ့ပူးပေါင်းကာ ပဋိပက္ခတွေကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးလမ်းစဉ်နဲ့ ဖြေရှင်းသွားမယ်လို့လည်း MNDAAu ထုတ်ပြန်ထားပါတယ်။

Photo – The Kokang

ဆက်စပ် သတင်းများ

Most read