Homeပြည်တွင်းသတင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ (Notary) နိုတြီအထောက်အထား ထုတ်ပေးခြင်းကို ရပ်ဆိုင်း

နိုင်ငံခြားရေးဝန်ကြီးဌာနမှ (Notary) နိုတြီအထောက်အထား ထုတ်ပေးခြင်းကို ရပ်ဆိုင်း

၇ မတ် ၊ ၂၀၂၅

ပြည်ပမှာ အလုပ်သွားရောက်မယ့်သူတွေနဲ့ ကျောင်းသွားတတ်မယ့်သူတွေအတွက် လိုအပ်တဲ့ (Notary) နိုတြီအထောက်အထား ထုတ်ပေးခြင်းကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနကရပ်ဆိုင်းလိုက်ပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ (Notary) နိုတြီအထောက်အထား ထုတ်ပေးတာကိုပဲ ရပ်ဆိုင်းတာဖြစ်ပြီး ရုံးပိုင်းဆိုင်ရာလုပ်ငန်းတွေကိုတော့ ပုံမှန်အတိုင်းလုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

(Notary) နိုတြီအထောက်အထား ထုတ်ပေးခြင်းကိုမတ် ၆ ရက်ကစပြီး ရုတ်တရက်ရပ်ဆိုင်းလိုက်တဲ့အတွက် နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်သူတွေအခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

” ဘာမှလည်းကြိုတင်မထုတ်ပြန်ဘူး။ ရုတ်တရက်ကြီး ရပ်ပစ်လိုက်တာ။ မေးတော့လည်း မသိဘူးပဲပြောတယ်။ အကုန်ဒုက္ခရောက်တာပေါ့”လို့ ပညာတော်သင်သွားမယ့်သူတစ်ဦးကပြောပါတယ်။

မြန်မာနိုင်ငံကနေ နိုင်ငံခြားမှာ ကျောင်းသွားတက်မယ့်သူတွေအတွက် မဖြစ်မနေလိုတဲ့ ပညာရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်တွေကို နိုင်ငံခြားရေးဌာနက မှန်ကန်ကြောင်းအထောက်အထား ထုတ်ပေးတာဖြစ်ပါတယ်။

နိုင်ငံခြားသွားကြမယ့်သူတွေအနေနဲ့ ပညာရေး၊ လက်ထပ်စာချုပ်၊ ယာဉ်မောင်း၊ နိုင်ငံသားမှတ်ပုံတင် စတဲ့အချက်အလက်တွေ မှန်ကန်ကြောင်း နိုင်ငံခြားရေးဌာနမှာ ကျမ်းကျိန် (Notary public) အထောက်အထား လုပ်ကြရတာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read