Homeပြည်တွင်းသတင်းနိုင်ငံကူးလက်မှတ်မရှိသေးတဲ့ ထိုင်းရောက် မြန်မာတွေအတွက် သက်သေခံလက်မှတ် ထုတ်ပေးမည်

နိုင်ငံကူးလက်မှတ်မရှိသေးတဲ့ ထိုင်းရောက် မြန်မာတွေအတွက် သက်သေခံလက်မှတ် ထုတ်ပေးမည်

ဩဂုတ် ၂၀၂၅

နိုင်ငံကူးလက်မှတ်မရှိသေးတဲ့ ထိုင်းရောက် မြန်မာနိုင်ငံသားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CIစာအုပ်)ကို စင်တာ (၄) ခု ဖွင့်ပြီး ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

အဲဒီ CI ထုတ်ပေးရေးကာလကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၅ ရက်ကနေ နိုဝင်ဘာလ ၅ ရက်အထိဝန်ဆောင်ခမှာ ဘတ် ၂,၆၇၀ (ဘတ်နှစ်ထောင့်ခြောက်ရာ့ခုနစ်ဆယ်)ပေးသွင်းကာထုတ်ယူနိုင်မယ်လို့ သိရပါတယ်။

ငွေပေးချေမှုကိုတော့ နီးစပ်ရာ 7-Eleven စတိုးဆိုင်တွေမှာပေးသွင်းနိုင်ပြီး CI ထုတ်ယူမယ့် ရက်ချိန်းအတွက် မိမိအ ဆင်ပြေတဲ့ စင်တာကို ရွေးချယ်ပြီး ရက်ချိန်းရယူနိုင်တယ်လို သိရပါတယ်။

CI ထုတ်ပေးမယ့် စင်တာ (၄)ခုဟာစမွတ်စခွန် (Samut Sakhon)၊ ဆမွတ်ပရာကန် (Samut Prakan)၊ ဆူရတ်သာနီ (Surat Thani) နဲ့ချင်းမိုင် (Chiang Mai) တို့မှာ ထုတ်ပေးမှာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး