Homeပြည်တွင်းသတင်းနမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁)ဦးသေ (၁)ဦးဒဏ်ရာရ

နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် (၁)ဦးသေ (၁)ဦးဒဏ်ရာရ

၁၃ သြဂုတ်၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်မှာ မနေ့က သြဂုတ်လ ၁၂ ရက်နေ့ ညအချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အရပ်သား (၁)ဦးသေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၂ ရက်ည (၁၁း၃၁)မိနစ်မှာ ၁ကြိမ်၊ (၁၁း၄၅)မိနစ်မှာ ၁ ကြိမ်၊ (၁၁း၅၁)မိနစ်မှာ ၁ ကြိမ် စုစုပေါင်း(၃)ကြိမ်လာရောက်ပြီး ဗုံး(၆)လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့၊ မြို့လယ်ရပ်ကွက်မှာရှိတဲ့ EPC ရုံးအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး အဲ့ဒီရုံးက အသက်(၃၀)အရွယ် ဒေသခံ(၁)ဦး သေဆုံးသွားပြီး (၁)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရုံးဝန်းအတွင်းက ထရန်စဖော်မာ စက်တွေထိခိုက်ပျက်စီးသွားပြီး အနီးဝန်းကျင်က မြို့မဂိုဏ်ချုပ်ကျောင်းနဲ့ ဒေသခံနေအိမ်အဆောက်အဦး(၅)လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ (၆) ရက်နေ့ကလည်း PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒေသခံ (၆)ဦး သေဆုံးကာ၊ (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကြောင့် အိမ်နှင့် ဆိုင်ခန်းပေါင်း(၄၀၀)ကျော်လည်း မီးလောင်ပျက်စီးသွားခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

Most read