Homeပြည်တွင်းသတင်းနမ့်ခမ်းမြိုကို စစ်ကောင်စီ လေကြောင်းကနေ ပေါင်(၅၀၀)ဗုံး ၂ လုံး ကြဲချ၊ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ် အပါအဝင် မြိုခံ ၁၁ ဦး...

နမ့်ခမ်းမြိုကို စစ်ကောင်စီ လေကြောင်းကနေ ပေါင်(၅၀၀)ဗုံး ၂ လုံး ကြဲချ၊ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ် အပါအဝင် မြိုခံ ၁၁ ဦး သေဆုံး

၆ စက်တင်ဘာ၊၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ကို စက်တင်ဘာ ၆ ရက် မနက် ၁ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲတာကြောင့် ကိုယ်ဝန်ဆောင်၊ ကလေးအပါအဝင် လူ ၁၁ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရတယ်လို့ တအာင်းတပ်- TNLA ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

စက်တင်ဘာလ (၆)ရက် ဒီကနေ့ မနက်ပိုင်း (၁း၃၅)မိနစ်အချိန်မှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နမ့်ခမ်းမြို ညစျေး(ပါင်ပွဲ)အနီးရှိ ပြည်သူလူထုနေအိမ်တွေပေါ်နဲ့ ကျားဖြူခမ်းမအနီးတွေမှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့လို့ ဆိုပါတယ်။

ဒီလိုဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ဦးအပါအဝင် အမျိုးသား(၅) ဦးနဲ့ အမျိုးသမီး(၄) စုစုပေါင်း(၁၁)ဦး သေဆုံးသွားခဲ့ပြီး ကလေးငယ် (၂)ဦး အမျိုးသား (၄)ဦးနဲ့ အမျိုးသမီး (၅)ဦး စုစုပေါင်း (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်းနဲ့ နေအိမ် (၆)လုံးထိခိုက်ပျက်စီးသွားခဲ့သလို သေဆုံးသွားတဲ့ အထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက စက်တင်ဘာလ (၃)ရက်နေ့တွင် မန်တုံမြိုအားလည်းကောင်း၊ စက်တင်ဘာလ (၄) ရက်နေ့တွင် သီပေါမြိုအားလည်းကောင်း လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ရာမှလည်း (၁)ဦးသေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

နမ့်ခမ်းမြို့မှာ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ မြိုတစ်မြိုဖြစ်ပြီး ယခုဗုံးကြဲမှုမှာ TNLA အုပ်ချုပ်သည့်နောက် ပိုင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ တအာင်းတပ်မတော် TNLA အုပ်ချုပ်နေတဲ့ မြို့တွေဖြစ်တဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့ နမ့်ခမ်းမြို့တွေမှာရှိတဲ့ အရပ်သားပစ်မှတ်တွေကိုဦးတည်ကာ ပေါင်(၅၀၀)နဲ့ နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ TNLA က ပြောဆိုထားပါတယ်။

ပုံစာ- (နမ့်ခမ်းမြို့အား စက်တင်ဘာလ ၆ ရက်နေ့တွင် စစ်ကောင်စီမှ လေကြောင်းနဲ့တိုက်ခိုက်ထားပုံ)

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read