Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက် လွတ်မဲ့နေ့မှာ ဆက်ပြီးထိန်းသိမ်းခံရ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက် လွတ်မဲ့နေ့မှာ ဆက်ပြီးထိန်းသိမ်းခံရ

၉ ဩဂုတ်၊ ၂၀၂၄

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် ချယ်ရီထက်ကို စစ်ကောင် စီက အချုပ်ထောင်က လွတ်ရက်စေ့ပေမဲ့ ဆက်ပြီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဒုရဲအုပ်ချယ်ရီထက်ဟာ အချုပ်ထောင်က လျှော့ရက်ရပြီး ဩဂုတ်လ ၉ ရက်မှာ လွတ်မြောက်ရမှာပါ။

သူ့ကို ရမည်းသင်းအကျဉ်းထောင်မှာ မိသားစုဝင်တွေ သွားကြိုပေမဲ့ ဒီနေ့ မလွှတ်ပေးဘဲ နောက်ထပ် ၁၁ ရက် ထပ်ပြီး ချုပ်နှောင်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒုရဲအုပ် ချယ်ရီထက်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ရဲစည်းကမ်း ထိန်းသိမ်းရေး အက်ဥပဒေနဲ့ ထောင် နှစ်နှစ်၊ ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင် သုံးနှစ် ချမှတ်ထားပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သက်တော်စောင့် ချယ်ရီထက်ကို ထောင်အာဏာပိုင်တွေက လွှတ်ရက်စေ့မှာ သဘော မတူတဲ့အတွက် ထပ်ပြီး ချုပ်နှောင်တာလို့ အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ သိရပါတယ်။

ဒုရဲအုပ် ချယ်ရီထက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို စစ်တပ်က တရားမဝင်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်အထိ တာဝန်ယူခဲ့ပြီး သူ့ကို နေအိမ်အကျယ်ချုပ်နဲ့ ထားရာက စက်တင်ဘာလ ၂၁ ရက်မှာ ပုဒ်မတပ် ဖမ်းဆီး ထောင်ချတာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read