Homeပြည်တွင်းသတင်းဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ချယ်ရီထက် လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ချယ်ရီထက် လွတ်ရက်စေ့လို့ ပြန်လွတ်လာ

၉ ဩဂုတ်၊၂၀၂၄

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုရဲအုပ်ချယ်ရီထက် လွတ်ရက်စေ့တာကြောင့် ရမည်းသင်းထောင်မှ ဒီကနေ့မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ ဧရာဝတီသတင်းမှာ ဖော်ပြလာမှုအရ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စက်တင်ဘာလ ၂၃ ရက်မှာ ဖမ်းဆီးခံရတဲ့ ဒုရဲအုပ်ချယ်ရီထက်ကို ရဲစည်းကမ်းထိန်းသိမ်းရေး နဲ့ ထောင်ဒဏ် ၃ နှစ်၊ ၅၀၅ ( က ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ၅နှစ် ကျခံဖို့ နေပြည်တော် အချုပ်ထောင် အထူးတရားရုံးက အမိန့်ချခဲ့တာပါ။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနမှ ဒုရဲမှူး ဇော်ဝင်းထွန်းက တရားလိုပြုလုပ်ကာ ဇဗ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခဲ့သလို ရဲစည်းကမ်းထိန်းသိမ်းရေးအက် ဥပဒေ အရလည်း ရဲခုံရုံးအဖွဲ့ဖြင့် စုံစမ်းစစ်ဆေးပြီး အမှုဖွင့်ခံခဲ့ရသူပါ။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲက တပ်ဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်နဲ့ ချယ်ရီထက်တို့ကို ဖမ်းဆီးထောင်ချခဲ့တာပါ။

ဆက်စပ် သတင်းများ

Most read