Homeပြည်တွင်းသတင်းဒေါ်မျိုးမျိုးအေးအပါ အလုပ်သမားအရေးလှုပ်ရှားသူ ၃ ဦး ပြန်လည်လွတ်မြောက်လာ

ဒေါ်မျိုးမျိုးအေးအပါ အလုပ်သမားအရေးလှုပ်ရှားသူ ၃ ဦး ပြန်လည်လွတ်မြောက်လာ

၂၁ အောက်တိုဘာ ၂၀၂၅

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM) ဦးဆောင်သူ ဒေါ်မျိုးအေးအပါ အလုပ်သမားအရေးလှုပ်ရှားသူ ၃ ဦးဟာ မနေ့က အောက်တိုဘာ ၂၀ ရက်နေ့ ညနေပိုင်းမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့သိရပါတယ်။

ဒီနေ့လွတ်မြောက်လာတဲ့အခြေအနေအရ အင်းစိန်အကျဉ်းထောင်မှာဒုသမ္မတအမိန့်နဲ့ လက်ရှိ စွဲဆိုထားသော အမှုတွေအား လုံးကို ရုတ်သိမ်းတယ်လို့ ဖတ်ပြကြေငြာကာ လွတ်ပေးခဲ့တယ်လို့ အဖွဲ့ချုပ်က ဖော်ပြထားပြီး လက်ရှိမှာ နေအိမ်ကို ပြန်လည်ရောက်ရှိခဲ့နေပြီဖြစ်တယ်လို့ဆိုထားပါတယ်။

စစ်ကော်မရှင်လက်ထက်မှာ ဒုသမ္မတဆိုတာဟာ မရှိသေးဘဲ ဘာကြောင့် ဒုသမ္မတ အမိန့်ဆိုပြီး သုံးနှုန်းတယ်ဆိုတာကိုတော့ New Day Myanmar က နားလည်ရ ခက်ခဲ့ပါတယ်။

ဒေါ်မျိုးမျိုးအေးအပါ အခြားအလုပ် သ မားအရေးလှုပ်ရှားသူတွေဖြစ်တဲ့ MICS- TUsF အဖွဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ ကိုသက်နှင်းအောင်နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ABFTU) ကမသက်ထားဆွေတို့သာပါဝင်ခဲ့ပြီး ၊ ကျန် STUM အဖွဲ့ဝင် ၉ ဦးကိုတော့ အကျဉ်းထောင်ထဲမှာ ဆက်လက်ထိန်းသိမ်းခံထားဆဲဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားအရေးဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးပါအဖွဲ့ဝင်တွေကို အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ ပြည်တွင်းကအလုပ်သမားသမဂ္ဂအဖွဲ့တွေနဲ့ နိုင်ငံ တ ကာ အလုပ်သမားအဖွဲ့အစည်းတွေကလည်း တောင်းဆိုထားပါတယ်။

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ကို ဇူလိုင်လ ၂၅ရက် ည ၉ နာရီ ခွဲအချိန်မှာသူမနေထိုင်ရာ ရွှေပြည်သာမြို့နယ် နေ အိမ်ကို လာရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ အောင်သပြေစစ်ကြောရေးကို ‌‌ ‌ရွှေ့ပြောင်းစစ်‌ဆေး‌ပြီးနောက် ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)နဲ့ ဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်ပါတယ်။

ဓာတ်ပုံ-STUM

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး