Homeပြည်တွင်းသတင်းဒေါက်တာဇော်မြင့်မောင်နာရေးလိုက်ပို့ပြီး ပြန်လာတဲ့ ဆိုင်ကယ်တွေကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

ဒေါက်တာဇော်မြင့်မောင်နာရေးလိုက်ပို့ပြီး ပြန်လာတဲ့ ဆိုင်ကယ်တွေကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

၈ အောက်တိုဘာ၊ ၂၀၂၄

မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးပို့ဆောင်ပြီး ပြန်လာတဲ့ဆိုင်ကယ်တွေကို လမ်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရန်ကုန်-မန္တလေးလမ်း၊ ၇၈လမ်း၊ စက်မှု ၂၊ Max-ဆီဆိုင်ရှေ့မှာ ဒေါက်တာဇော်မြင့်မောင် နာရေးကပြန်လာတဲ့ ဆိုင်ကယ်တွေကို တားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေ တားဆီးပြီး ဖုန်းနဲ့ ဆိုင်ကယ် လိုင်စင်တွေကို စစ်ဆေးနေတယ်လို့ မန္တလေးမြို့ခံတွေက ဆိုပါတယ်။ တောင်အင်း မြောက်အင်းသုဿန်ကအပြန် နာရေးလိုက်ပို့တဲ့ဆိုင်ကယ်တွေကို ပစ်မှတ်ထား စစ်ဆေးနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“အဓိကက ဆိုင်ကယ်တွေကိုတားပြီး ဖုန်း‌တွေ စစ်တယ်၊ ဖုန်းထဲမှာ တခုခု ရေးထား ရိုက်ထားလို့ မိသွားရင် သွားပြီ”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ မန်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်တဲ့ ဆိုင်ကယ်အစီးရေ ၂၀၀၀ ကျော်လောက် ရှိနိုင်တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးအခမ်းအနားကို ဒီနေ့မနက် ၁၀ နာရီကစတင်ပို့ဆောင်ခဲ့ပြီး ရုပ်အလောင်းကို တောင်အင်းမြောက်အင်းသုဿန်မှာ မီးသဂြိုဟ်ခဲ့ပါတယ်။ အရိုးပြာအိုးကို ကြာနီကန်သု ဿန်မှာ ဂူသွင်းသင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။

ပုံစာ- ဒေါက်တာဇော်မြင့်မောင်နာရေးလိုက်ပါပို့ဆောင်တဲ့ဆိုင်ကယ်များ

Photo – Screen Capture

ဆက်စပ် သတင်းများ

Most read