Homeပြည်တွင်းသတင်းထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်လို့ သာယာဝတီထောင်က နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံး

ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်လို့ သာယာဝတီထောင်က နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် ကျဆုံး

၁၈ အောက်တိုဘာ၊ ၂၀၂၄

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီး အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ကိုဌေးအောင်ကျော်မှာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာကြောင့် နိုင်ငံရေး အကျဉ်း သား ကိုဌေးအောင်ကျော် ထောင်တွင်းမှာ ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်း သားများကွန်ရက်(PPNM)က ထုတ်ပြန်ပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိ ကိုဌေးအောင်ကျော်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်ကစပြီး ဘားအံမှာ ဖမ်းဆီးခဲ့ပြီး ပုဒ်မ၅၀(ဂ)၊၅၀(ည)တို့နဲ့ ထောင်ဒဏ် ၁၅ နှစ် မတရားချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးပြီးချိန်ကစလို့ ညှင်းပန်းနှိပ်စက်ခဲ့ပြီး ဘားအံမြို့က တောင်ကလေးထောင်ကို ပို့ဆောင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော်ကို တောင်ကလေးထောင်က ကျိုက်မရောထောင်ကို ထောင်ပြောင်းရွှေ့ခဲ့ပါတယ်။ ကျိုက်မရောထောင်က သာယာဝတီထောင်ကို ထောင်ပြောင်းရွှေ့ပြီး သာယာဝတီ ထောင်မှာ တိုက်ထဲမှာချုပ်နှောင်ထားပါတယ်။

တိုက်ထဲမှာ ရောဂါပြင်းထန်လာတဲ့ ကိုဌေးအောင်ကျော်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ထောင်ပြင်ပဆေးရုံကိုပို့ ပေးပြီး စက်တင်ဘာလမှာ ရောဂါပြန်လည်သက်သာလာကြောင်း ပြောတဲ့အတွက် သာယာဝတီထောင်ကို ပြန်ပြီး ခေါ်ဆောင်ချုပ်နှောင်ပါတယ်။

ထောင်ထဲမှာ နှစ်ပတ်ကြာပြန်နေရတုန်း အသည်းရောဂါ ပိုပြီးဆိုးလာတဲ့အတွက် ထောင်ပြင်ပဆေးရုံကို အချိန်မီ ပို့ပေးနိုင်ခြင်းမရှိတဲ့အတွက် ထောင်ဆေးရုံရောက်ချိန်မှာ သတိလစ်မေ့မျောပြီး ၁၃ရက်နေ့ ညနေ၆နာရီနှစ်ဆယ် မိနှစ်မှာ သတိမလည်တော့ဘဲ ကျဆုံးခဲ့ပါတယ်။

“ဆေးဝါးနဲ့ပတ်သတ်တဲ့အခါမျိုးတွေမှာတော့ အကျဉ်းထောင်တွေမှာ ၂၀၂၁အာဏာသိမ်းထဲက နိုင်ငံရေး အကျဉ်းသူအကျဉ်းသားတွေက ဆေးဝါးလုံလောက်မှုမရှိတာမျိုးတွေ၊ ၂၀၂၁ ထဲက ထောင်ဆေးရုံတွေမှာပဲ အသက်ဆုံးရှုံးသွားရတာမျိုးတွေ ရှိနေပါတယ်။ Covid ကာလနဲ့ ကြုံတဲ့အခါမျိုးတွေမှာတောင် ကြုံခဲ့ရတာ တောင်မှ အင်းစိန်ထောင်လိုမျိုးနေရာမှာတောင် ငပိကိုပစ်ပေးပြီး အနံ့ရှုခိုင်းတယ်။အနံ့ရနေသေးရင် Covid ကိုဗစ်ပျောက်ပြီဆိုပြီးတော့ အတွေးမျိုးတွေနဲ့ နိုင်ငံရေးအကျင့်သူအကျဉ်းသားတွေကို ဆက်ဆံတာမျိုးတွေအထိ ကြုံခဲ့ရပါတယ်။”လို့ နိုင်ငံရေးအကျဉ်းသူဟောင်း မဇူဇူးမေယွန်းက New Day Myanmar ကို ပြောပါတယ်။

၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁ ရက်က အောက်တိုဘာလ၁၅ ရက်အထိ အကျဉ်းထောင်အတွင်း ဆေးဝါးစောင့် ရှောက်မှု လုံလောက်စွာမရရှိလို့ သေဆုံးရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၁၄ ဦး ရှိတယ်လို့ မြန်မာနိုင်ငံ လုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားပါတယ်။

Photo – CJ

ဆက်စပ် သတင်းများ

Most read