Homeပြည်တွင်းသတင်းထိုင်းရောက် မြန်မာအလုပ်သမားသုံးရာကျော်အတွက် နစ်နာကြေး ဘတ် ၁၈ သန်းကျော်ရရှိအောင်ဆောင်ရွက် နိုင်ခဲ့လို့ NUG အလုပ်သမားဝန်ကြီးဌာနထုတ်ပြန်

ထိုင်းရောက် မြန်မာအလုပ်သမားသုံးရာကျော်အတွက် နစ်နာကြေး ဘတ် ၁၈ သန်းကျော်ရရှိအောင်ဆောင်ရွက် နိုင်ခဲ့လို့ NUG အလုပ်သမားဝန်ကြီးဌာနထုတ်ပြန်

၆ ဩဂုတ်၊၂၀၂၄

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်းခရိုင်၊ မဟာချိုင်မြို့ရှိ စက္ကူစက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့ဖြစ်ကာ အခက်အခဲကြုံနေတဲ့ ရွေ့ပြောင်းအလုပ်သမား (၃၈၀) ဦးခန့်အတွက် နစ်နာကြေးအဖြစ် ဘတ် (၁၈) သန်းကျော်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

မဟာချိုင်မြို့ရှိ စက္ကူစက်ရုံမှာ ဇူလိုင်လ ဒုတိယပတ်မှာ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စက်ရုံပိတ်သိမ်း ကြောင်းကို စကားပြန်မှတစ်ဆင့် အလုပ်သမားတွေကိုပြောကြားစေခဲ့ရာ မြန်မာအလုပ်သမား ၃၀၀ ကျော် အပါအဝင် စုစုပေါင်း ရွေ့ပြောင်းအလုပ်သမား ၃၈၀ ဦးခန့် အလုပ်လက်မဲ့ဖြစ်ကာ အခက်အခဲဖြစ်နေကြောင်း ကြုံတွေ့လျက်ရှိရာ (M.H.A.C) မဟာမိတ်အဖွဲ့သို့ အကူအညီတောင်းခံခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် အမျိုးသား ညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ ၊ LPN ဖောင်ဒေးရှင်းနဲ့ အတူ ထိုင်းနိုင်ငံဥပဒေနဲ့အညီ နစ်နာကြေးတွေရရှိအောင် ကူညီဆောင်ရွက်ပေးခဲ့ရာ (၄.၈.၂၀၂၄) ရက်နေ့မှာ အလုပ်သမားများ(၃၈၀)ဦးအတွက် နစ်နာကြေး ဘတ် (၁၈)သန်းကျော်ကို အလုပ်ရှင်က သဘောတူပေး ချေခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး အလုပ်သမားတွေ အလုပ်ရှာနေချိန်အတွင်း လူမှုဖူလုံရေးကြေး (၂) လစာရရှိဖို့ကိုလည်း လူမှုဖူလုံရေးရုံးကို တင်ပြတောင်းခံပေးထားပြီး ဖြစ်တာကြောင့် အလုပ်သမားတွေအနေနဲ့ အလုပ်ရှာနေစဉ် ကာလအတွင်း ထောက်ပံ့ကြေးငွေတွေလည်း ရရှိမည်ဖြစ်သလို အလုပ်ပြောင်းရွှေ့ခွင့် (ဘိုက်ကျန့်အော့) လည်း ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ အမျိုးသား ညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာက ထုတ်ပြန်ထားပါတယ်။

Photo- NUG

ဆက်စပ် သတင်းများ

Most read