ထိုင်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ငလျင်ဘေးသင့်နေတဲ့ မြန်မာပြည်က မိသားစုတွေနဲ့ အဆက် အသွယ်မပြတ်စေရန် True/Dtac ဆင်းမ်ကဒ်များဖြင့် ၁၅ မိနစ် အခမဲ့ဖုန်းခေါ်နိုင်ပြီဖြစ်တယ်လို့ Dtac Myanmar ကဒီနေ့မှာ ထုတ်ပြန်အသိရေးလာပါတယ်။
ထရူးဒီတက်ဆင်းမ်ကဒ် ကိုင်ဆောင်ထားသူတွေအနေနဲ့ မြန်မာနိုင်ငံ မတ်လ ၃၁ ရက် ဧပြီလ ၅ ရက်နေ့အထိ ၁၅ မိနစ် အခမဲ့ဖုန်းခေါ်ဆိုအသုံးပြုနိုင်ပြီဖြစ်ကြောင်းနဲ့ ခိုင်းနိုင်ငံအတွင်းမှာလည်း True/Dtac ဆင်းမ်အချင်းချင်း ၁၅ အခမဲ့ခေါ်ဆိုနိုင်ပြီဖြစ်တယ်လို့ အသိပေးထားပါတယ်။
အသုံးပြုပုံမှာ ဖုန်းမခေါ်ခင် *900*8351# ကို အရင်နှိပ်ပြီး Dtac ဆင်းမ်ကဒ် ဖြစ်ပါက 00400 95 နှင့် မိမိခေါ်ဆို မယ့်ဖုန်းနံပါတ်ကို ရိုက်နှိပ်ခေါ်ဆိုနိုင်ပြီး True ဆင်းမ်ကဒ် ဖြစ်ပါက 00600 95 နှင့် မိမိခေါ်ဆို မယ့်ဖုန်းနံပါတ်ကို ရိုက်နှိပ်ခေါ်ဆိုနိုင်ပြီဖြစ်တယ်လို့ အသိပေးထားပါတယ်။
လက်ကျန်ဖုန်းခေါ်မိနစ်စစ်ရန် အတွက် Dtac ဆင်းမ်ကဒ် ဖြစ်ပါက *101*1# ရိုက်နှိပ်စစ်ရန် နဲ့ True ဆင်းမ်ကဒ် ဖြစ်ပါက *510*006# ရိုက်နှိပ်စစ်ဆေးရန်လည်း အသိပေးထားပါတယ်။
ဓာတ်ပုံ – Dtac Myanmar