ထိုင်းနိုင်ငံ ချွန်ဖော်အဝေးပြေးအမြန်လမ်းရဲတပ်ဖွဲ့က ဘတ်စ်ကားတစ်စီးကို တားစီးစစ်ဆေးရာ အထောက် အထားမဲ့ မြန်မာ (၅၀) ဦးခန့်ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြလာမှုအရ သိရပါတယ်။
စစ်ဆေးမှုအရ ယာဉ်မောင်း ၃ ဦးမှာ ထိုင်းနိုင်ငံသားတွဖြစ်ပြီး တင်လာတဲ့ခရီးသသည်တွေရဲ့ အထောက်အထား ကိုတောင်းကြည့်ရာကနေ တရားမဝင်မြန်မာနိုင်ငံသား စုစုပေါင်း ၄၇ ဦး၊အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၁၆ ဦး နဲ့ ကလေး ၁ ဦး တို့ကိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဘတ်စ်ကားမှာ ဘန်ကောက် ဆိုင်တိုက်မိုင်အဝေးပြေးကားဝင်ထဲက ဘတ်စ်ကားဖြစ်ကြောင်းနဲ့ ပွဲစား ထိုင်းနိုင်ငံ သားက မြန်မာ ၅၀ ခန့်ကို ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်သို့ ပို့ပေးဖို့ ဘတ် ၅ သောင်းနဲ့ငှားရမ်းတာကို လက်ခံ လိုက်ပြီး လမ်းတဝက်မှာ ယခုလိုဖမ်းခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။
.
ဓာတ်ပုံ – RIGHT NOW


