Homeပြည်တွင်းသတင်းထိုင်းတွေနေတဲ့ ရွာတွေကို မြန်မာစစ်တပ်က မီးရှို့နေတဲ့အတွက် ထိုင်းလူမျိုးတွေ ထွက်ပြေးနေရ

ထိုင်းတွေနေတဲ့ ရွာတွေကို မြန်မာစစ်တပ်က မီးရှို့နေတဲ့အတွက် ထိုင်းလူမျိုးတွေ ထွက်ပြေးနေရ

၁၉ ဖေဖော်ဝါရီ၊ ၂၀၂၅

ထိုင်းမြန်မာနယ်စပ်၊ တနင်္သာရီတိုင်းအတွင်းက ရွာတွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေတဲ့အတွက် ဒေသခံထိုင်းလူမျိုးတွေပါ စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

တနင်္သာရီတိုင်းနဲ့ ဆက်စပ်နေတဲ့ ပရာကျွတ်ခရိုင်အတွင်းက ဒေသခံတစ်ဦးရဲ့ ပြောပြမှုအရ ဖေဖော်ဝါရီ ၁၇ ရက်က ထိုင်းမြန်မာနယ်စပ်က ရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီရွာတွေမှာ KNU နဲ့ PDF တွေ ပုန်းအောင်းနေတယ်လို့ သံသယရှိတာကြောင့် စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာ ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ၂၀၂၄ ခုနှစ်နှောင်းပိုင်းထဲက လုပ်နေပြီး ဒီရက်ပိုင်းပိုမိုများပြားလာတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၃ ရက်က စစ်ကောင်စီတပ်တွေဟာ ဆင်ခွန်ကျေးရွာက အိမ် ၄ – ၅အိမ်ကို ဖျက်စီးခဲ့ပြီး လေယာဉ် နဲ့ ဒရုန်းတွေ သုံးပြီး ရွာကို ဗုံးကြဲချခဲ့တဲ့အတွက် ရှေးဟောင်းဘုရား Wat Singkhon Wararam လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဆင်ခွန်ရွာဟာ တနင်္သာရီမြို့၊ မောတောင်လမ်းက ထိုင်းနယ်စပ်မျဉ်းအနီးမှာ ရှိတာဖြစ်ပါတယ်။

ဆင်ခွန်ရွာမှာ ထိုင်းအိမ်ထောင်စု ၁၀၀ ကျော် ရှိပြီး အခု စစ်ရှောင်ရင်းတကွဲတပြားဖြစ်ကုန်တယ်လို့ ဆိုပါတယ်။ ရွာတွင်းက တချို့တွေဟာ ထိုင်းဘက်ကမ်းက ဆွေမျိုးတွေရှိရာမှာ လာရောက်နေထိုင်ပြီး တချို့ကလည်း တောင်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။

ပုံစာ – မောတောင်နဲ့ ဆင်ခွန်ရွာအနီးတဝိုက်မြေပုံ

ဓာတ်ပုံ – Screengrab from Google maps

ဆက်စပ် သတင်းများ

Most read