Homeပြည်တွင်းသတင်းထိန်းချုပ်နယ်မြေအတွင်းပိတ်မိနေတဲ့ တရုတ်နိုင်ငံသား ၁၅ ဦး နေရပ်ပြန်နိုင်ဖို့ MDY-PDF ကူညီ

ထိန်းချုပ်နယ်မြေအတွင်းပိတ်မိနေတဲ့ တရုတ်နိုင်ငံသား ၁၅ ဦး နေရပ်ပြန်နိုင်ဖို့ MDY-PDF ကူညီ

၆ ဩဂုတ်၊ ၂၀၂၄

ထိန်းချုပ်နယ်မြေအတွင်းမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေကို သူတို့ရဲ့ နေရပ်ကို ပြန်ခွင့်ပြုတဲ့အပြင် ထိန်း ချုပ်နယ်မြေအဆုံးထိ လုံခြုံစွာ ပို့ဆောင်ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဩဂုတ်လ ၅ ရက်က သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံသား ၁၅ ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်အတွင်း ပိတ်မိနေတာဖြစ်ပါတယ်။

သူတို့ကို တွေ့ဆုံစစ်ဆေးပြီး သူတို့ရဲ့ သဘောဆန္ဒအရ နေရပ်ကို ပြန်ခွင့်ပြုခဲ့တယ်လို့ ဩဂုတ်လ ၅ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဩဂုတ်လ (၄)ရက်က ပိတ်မိနေတဲ့ တရုတ်နိုင်ငံသားတွေ နေရပ်ပြန်နိုင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မ တော် (မန္တလေး)ရဲ့ ထိန်းချုပ်နယ်မြေအဆုံး တစ်နေရာအထိ လုံခြုံစွာ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read