Homeပြည်တွင်းသတင်းတောင်ကိုရီးယားက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအနေနဲ့ အမေရိကန်ဒေါ်လာ၂၃ သန်း ကူညီမယ်

တောင်ကိုရီးယားက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအနေနဲ့ အမေရိကန်ဒေါ်လာ၂၃ သန်း ကူညီမယ်

၁၃ အောက်တိုဘာ၊၂၀၂၄

တောင်ကိုရီးယားနိုင်ငံသမ္မတ Yoon Suk Yeol က မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီအနေနဲ့ တောင်ကိုရီးယားအစိုးရက အမေရိကန်ဒေါ်လာ၂၃ သန်းကူညီသွားမှာလို့ ပြောကြားလိုက်ပါတယ်။

တောင်ကိုရီးယား သမ္မတဟာ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံကို တက်ရောက်လာခဲ့ပြီးနောက် ခုလိုပြောကြားလိုက်တာဖြစ်တယ်လို့ The Korea Times သတင်းဌာနမှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယားအစိုးရက ကူညီမယ့် လူသားချင်းစာနာမှုအကူအညီအမေရိကန်ဒေါ်လာ၂၃ သန်းဟာ ပြီးခဲ့တဲ့နှစ်က ထောက်ပံ့ပေးခဲ့တဲ့ ပမာဏထက် လေးဆပိုမိုများပြားတာဖြစ်ပါတယ်။ ၂၀၂၂ခုနှစ်က ဒေါ်လာ၅.၆ သန်းနဲ့၂၀၂၃ခုနှစ်က ဒေါ် လာ ၅.၈သန်းတို့ကို လူသားချင်းစာနာမှုအကူအညီအဖြစ် မြန်မာနိုင်ငံကို တောင်ကိုရီးယားအစိုးရက ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံသမ္မတ Yoon Suk Yeolက မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်နဲ့ အညီ နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ တိုက် ပွဲများကို ချက်ချင်းရပ်တန့်ပြီး အဖွဲ့အစည်းအားလုံး ပါဝင်တဲ့ အစည်းအဝေးများကို ပြုလုပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရဖို့ စတင်ဆွေးနွေးသင့်တယ်လို့လည်း အကြံပြုပြောကြားခဲ့ပါတယ်။

ပုံစာ – လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီး ညီလာခံကို တက်ရောက်လာတဲ့ တောင်ကိုရီးယားနိုင်ငံသမ္မတ Yoon Suk Yeol

ပုံ – The Korea Times

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး