Homeပြည်တွင်းသတင်းတီးတိန်မှာ မိုးကြီးပြီး မြေပြိုလို့ ဒေသခံတစ်ဦးသေ တစ်ဦးဒဏ်ရာရ

တီးတိန်မှာ မိုးကြီးပြီး မြေပြိုလို့ ဒေသခံတစ်ဦးသေ တစ်ဦးဒဏ်ရာရ

၂၀ စက်တင်ဘာ၊ ၂၀၂၄

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လိုင်ဘုန်ရွာမှာ စက်တင်ဘာလ ၁၈ ရက် ညပိုင်းက မိုးသည်းထန်ခဲ့တာကြောင့် မြေပြိုကျကာ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ်တစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။

အသက် ၅၆ နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့ အသက် ၆၀ အရွယ်အမျိုးသမီးကို တီး တိန်မြို့ဆေးရုံမှာ ဆေးကုသနေတယ်လို့ သိရပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရသူနှစ်ဦးလုံးဟာ တောင်ယာမှာ ပြောင်းဖူးရိတ်သိမ်းနေတာကြောင့် ယာတဲမှာ အိပ်ပျော် ချိန်မှာ ယာတဲပြိုကျတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မိုးများတဲ့အပြင် တောင်ယာတဲရဲ့ အပေါ်ထပ် ထပ်ခိုးမှာ ရိတ်သိမ်းထားတဲ့ ပြောင်းဖူး အများအပြား သိမ်းဆည်းထားတာကြောင့် အလေးချိန်များပြီး အခုလို ပြိုကျခဲ့တယ်လို့ သိရပါတယ်။

တောင်ယာတဲ မြေပြိုကျတာကို နောက်တစ်နေ့မနက်မှ တောင်ယာသွားတဲ့ ရွာသားတွေက တွေ့ပြီး ကယ်နိုင်ခဲ့ တာပါ။ တစ်ယောက်က တဲပိပြီး နေရာမှာတင် ဆုံးသွားပါတယ်။ နောက်တစ်ဦးကတော့ ခါးအောက်ပိုင်းမလှုပ် နိုင်တဲ့အတွက် တီးတိန်မြို့ ဆေးရုံကို ရွာသားတွေက ပို့ခဲ့ကြတာပါ။

၂၀၁၅ ခုနှစ်ကလည်း တီးတိန်မြို့နယ်၊ လိုင်ဘုန်ရွာမှာ မြေပြိုကျမှုခဲ့ပြီး နေအိမ်အားလုံးနီးပါး ပြောင်းရွှေ့ခဲ့ဖူး တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ တီးတိန်မြို့မှာ စက်တင်ဘာလ ၁၂ ရက်က မိုးသည်းထန်ခဲ့တဲ့အတွက် တောင်ကျချောင်းနဲ့ပါလာတဲ့ မြေစာတွေကြောင့် မြေပြိုကျခဲ့ပြီး ကလေး-တီးတိန် လမ်းပိုင်း ပျက်စီးခဲ့ပါတယ်။

ပုံစာ – စက်တင်ဘာ ၁၂ တောင်ကျချောင်းရေကြောင့် ကလေး-တီးတိန်လမ်းပိုင်း ပျက်စီးခဲ့စဉ်

Photo – CJ

ဆက်စပ် သတင်းများ

Most read