Homeပြည်တွင်းသတင်းတိုက်ပွဲဖြစ်ပွားခဲ့သည့် (၁)လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၁၂၅)ဦးသေဆုံးပြီး (၁၆၇)ဦးဒဏ်ရာရခဲ့

တိုက်ပွဲဖြစ်ပွားခဲ့သည့် (၁)လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၁၂၅)ဦးသေဆုံးပြီး (၁၆၇)ဦးဒဏ်ရာရခဲ့

၂၆ ဇူလိုင်၊၂၀၂၄

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စတင်ခဲ့တဲ့ ဇွန်လ (၂၅) ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့ အထိ တစ်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ရှမ်းမြောက်ဒေသမှာနဲ့ မန္တလေးတိုင်း ဒေသကြီးအတွင်းမှာ အရပ်သား (၁၂၅)ဦးသေဆုံးပြီး (၁၆၇)ဦးဒဏ်ရာရခဲ့ တယ်လို့ TNLA က ထုတ်ပြန်မှုအရ သိရပါတယ်။

ဒါ့အပြင် နေအိမ်(၉၃) လုံး၊ ဘုန်းကြီးကျောင်း(၈)ကျောင်း နဲ့ စာသင်ကျောင်း (၇) ကျောင်းလည်း ထိခိုက် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ကျောက်မဲမြိုနယ်မှာ တိုက်ပွဲ (၁)လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက် ခိုက်မှုကြောင့် အမျိုးသမီး (၁၄) ဦး၊ အမျိုးသား (၂၄)ဦးသေဆုံးပြီး အမျိုးသား (၁၅)ဦးနဲ့ အမျိုးသမီး (၂၁) ဦး၊ ကလေး (၄)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၃၇) လုံး၊ ဘုန်းကြီးကျောင်း (၂) ကျောင်းနဲ့ စာသင်ကျောင် း(၂) ကျောင်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အလားတူ နောင်ချိုမြိုနယ်မှာလည်း အရပ်သား အမျိုးသား (၁၀)ဦး၊ အမျိုးသမီး(၈)ဦးသေဆုံးပြီး အမျိုးသမီး (၃)ဦးနဲ့ အမျိုးသား(၁)ဦးထိခိုက်ဒဏ်ရာရရှိကာ အရပ်သားနေအိမ် (၁၃) လုံး ၊ ဘုန်းကြီးကျောင်း (၁)ကျောင်းနဲ့ စာသင်ကျောင်း(၁)ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး မိုးကုတ်မြိုနယ်မှာလည်း အမျိုးသမီး(၈)ဦး၊ ကလေး(၉)ဦး၊ အမျိုးသား(၁၁)ဦး သေဆုံးပြီး အမျိုးသား (၂၆)ဦး၊ အမျိုးသမီး (၂၂)ဦးနဲ့ ကလေး(၁၀)ဦးထိခိုက်ဒဏ်ရာရကာ လူနေအိမ် (၂၉)လုံး ဘုန်းကြီး ကျောင်း(၂) ကျောင်းထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အလားတူ မိုးမိတ်၊သီပေါနဲ့ လားရှိုးမြို့တွေမှာလည်း စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခက်မှု တွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးဒဏ်ရာရတာ၊နေအိမ်၊ကျောင်းနဲ့ ဘာသာရေး အဆောက်အဦး ပျက်စီးမှုတွေ အများအပြားရှိနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲ (၁)လတာအတွင်း စစ်ကောင်စီက စစ်ရှံးပြီး အရပ်သားတွေရှိရာကိုပစ်မှတ်ထားကာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာခဲ့တာကြောင့် အရပ်သား (၁၂၅)ဦးသေဆုံးခဲရပြီး (၁၆၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒေသခံ (၃၀၀၀၀)ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ လည်း TNLA က ထုတ်ပြန်ထားပါတယ်။

Photo-PSLF/ TNLA

ဆက်စပ် သတင်းများ

Most read