Homeပြည်တွင်းသတင်းတိုက်ပွဲဒေသက အရပ်သားပြည်သူတွေကို ထိခိုက်မှုမရှိအောင် ကာကွယ်ပေးဖို့ အာဆီယံဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲမှာ တောင်းဆို

တိုက်ပွဲဒေသက အရပ်သားပြည်သူတွေကို ထိခိုက်မှုမရှိအောင် ကာကွယ်ပေးဖို့ အာဆီယံဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲမှာ တောင်းဆို

၂ ဩဂုတ်၊ ၂၀၂၄

မြန်မာနိုင်ငံတဝန်း တိုက်ပွဲဒေသတွေက အရပ်သားပြည်သူတွေကို ထိခိုက်မှုမရှိအောင် ကာကွယ်ပေးဖို့ ာဆီယံ ဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲ (AseanRegional Forum-ARF)မှာ အဖွဲ့ဝင်နိုင်ငံတွေက ထည့်သွင်းဆွေးနွေးပြီး တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ဇူလိုင်လ ၂၇ ရက်က ကျင်းပတဲ့ (၃၁) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး နောက်ဆက်တွဲအဖြစ် ARF က ဩဂုတ်လ ၁ ရက်မှာ ထုတ်ပြန်တဲ့ကြေညာချက်မှာ ထည့်သွင်းတိုက်တွန်းသွားတာပါ။

စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစပြီး မြန်မာနိုင်ငံအနှံ့မှာ တိုက်ပွဲ‌တွေ ဖြစ်ပွားနေပြီး အရပ်သားပြည်သူတွေဟာ စစ်ကောင်စီရဲ့ လေကြောင်း ပစ်ခတ်မှုနဲ့ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးနေရပါတယ်။ ဒီအတွက် တိုက်ပွဲတွေနဲ့ ပါဝင်ပတ်သတ်နေတဲ့အဖွဲ့အစည်းအားလုံးကို အရပ်သားထိခိုက်မှုမရှိစေရေးအတွက် ARF က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

၂၀၂၄ခုနှစ် ARF အစည်းအဝေးကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပြင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ရုရှား၊ သြစတြေးလျစတဲ့ နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ဒီအစည်းအဝေးမှာ ဒေသတွင်း ပြဿနာနဲ့ နိုင်ငံတကာ ပြဿနာတွေကို အဖြေရှာဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

ဆက်စပ် သတင်းများ

Most read