Homeပြည်တွင်းသတင်းတိုက်ပွဲတွေကြောင့် လွိုင်ကော် - ဒီးမော့ဆိုလမ်းမကြီးနဲ့ ဆက်စပ်လမ်းပိုင်းတွေကို အသုံးမပြုဖို့ KNDF တားမြစ်

တိုက်ပွဲတွေကြောင့် လွိုင်ကော် – ဒီးမော့ဆိုလမ်းမကြီးနဲ့ ဆက်စပ်လမ်းပိုင်းတွေကို အသုံးမပြုဖို့ KNDF တားမြစ်

၈ ဩဂုတ်၊၂၀၂၄

လွိုင်ကော် – ဒီးမော့ဆို ပြည်ထောင်စု လမ်းမကြီးနဲ့ ဆက်စပ်တဲ့လမ်းပိုင်းတွေမှာ တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွားနေတာကြောင့် အဆိုပါလမ်းပိုင်းတွေကို ပြည်သူတွေအနေနဲ့အသုံးမပြုဖို့ ကရင်နီအမျိုးသား များကာကွယ်ရေးတပ်(KNDF) တိုက်တွန်းသတိပေးထားပါတယ်။

ဇူလိုင်မှစပြီး လက်ရှိအချိန်အထိ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေအကြား လွိုင်ကော် – ဒီးမော့ဆိုလမ်းပိုင်းတွေမှာ ထိတွေ့တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး လွိုင်ကော်မြို့ တောင်ဘက် ဒီးမော့ဆိုမြို့နဲ့ဆက်စပ်ရာ မိုင်းလုံး ၊ ရွာတန်းရှည် ၊နမ့်ဘော်ဝမ် ၊ ထူဒူငံသ၊ စိုက်ကွင်း(၃) ၊ဒေါဆန်းဘွန်း နဲ့ ပန်ကန်း ရပ်ကွက်/ကျေးရွာတွေ တစ်လျှောက်ထိတွေ့တိုက်ပွဲတွေ ယနေ့အထိ နေ့စဉ်ဖြစ်ပွားနေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ လွိုင်ကော် – ဒီးမော့ဆို လမ်းမကြီးတွေဘေးနဲ့ ရပ်ကွက်တွေအတွင်း ကင်းပုန်းတွေဝပ်ပြီး ဖြတ်သန်းသွားလာနေတဲ့ အရပ်သားပြည်သူတွေကို တားဆီးစစ်ဆေးခြင်းမရှိသလို အမေးမြန်းမရှိ ပစ်ခတ်မှုတွေညပုလုပ်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ယခုရက်ပိုင်အတွင်း အကြောင်းမဲ့သေဆုံးနေရတဲ့ အရပ်သားလူထုတွေရှိနေတဲ့အတွက် အထက်ပါ ရပ်ကွက်၊ ကျေးရွာတွေကို ဝင်ထွက်သွားလာခြင်း ၊ နေအိမ်ပြန်ကြည့်ခြင်း ၊ ပစ္စည်းပြန်လည်ဝင်ရောက် သယ်ယူခြင်းတွေ မပြုလုပ်ကြဖို့နဲ့ လတ်တလောမြေပြင်စစ်ရေးအခြေနေတွေအရ လွိုင်ကော်- ဒီးမော့ဆို ပြည်ထောင်စု လမ်းမကြီးအပါအဝင် လမ်းမကြီးနဲ့ ဆက်စပ်နေတဲ့ လမ်းသွယ်တွေ (ဥပမာ-ဟိုဖိတ်- (၆)မိုင် -ပန်ကန်း လမ်း) ကိုပါ အသုံးပြုသွားလာခြင်းတွေ မပြုလုပ်ဖို့လည်း KNDFက မေတ္တာရပ်ခံထားပါတယ်။

Photo-KNDF

ဆက်စပ် သတင်းများ

Most read