တိုက်ပွဲတွေကြောင့် ရန်ကုန်-မန္တလေး ရထားခရီးစဥ်တွေကိုရက်အကန့်အသတ်မရှိရပ်နားထားတယ်လို့ မီးရထားအသိုင်း အဝိုင်းနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မနေ့က ဇန်နဝါရီ ၉ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အောင်မြင်စစ်ဆင်ရေးကြောင့် လုံခြုံ ရေးအခြေအနေအရ ရထားပြေးဆွဲမှုကို ရပ်ထားထားတာဖြစ်ပြီး၊ ရန်ကုန် – မန္တ လေး ပြေးဆွဲတဲ့ အစုန် ၊ အဆန် ရထားခရီးစဉ်တွေ ဖျက်သိမ်းထားတာလို့ ဘူတာတွေမှာလည်း ကြေညာထားပါတယ်။
“ရထားလမ်းကမနေ့ကထဲက ပိတ်လိုက်တာ။ လုံခြုံရေးအခြေအနေအရ ပြေးဆွဲခွင့်ပိတ်လိုက်တာပါ။ ဘယ်နေ့ ပြန်ပြေးဆွဲမလဲဆိုတာတော့ ညွှန်ကြားချက်မလာသေးပါဘူး”လို့ ဆိုပါတယ်။
ဒီကနေ့ ပြေးဆွဲမယ့် ရန်ကုန် -နေပြည် တော် – မန္တလေးအမှတ်(၃၁)အဆန် DEMU ရထားနဲ့ ရန်ကုန် – မန္တလေး အ မှတ်(၁၁)အဆန် အမြန်ရထား နှစ်စင်းလုံးရဲ့ခရီးစဉ်ကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။
ဒါကြောင့် ရထားလက်မှတ်ခတွေကို ပြန် လည်ထုတ်ယူနိုင်တယ်လို့ အသိပေးထားပါတယ်။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ထဲ တောကျွဲအင်းမြို့အပါအဝင် ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်က စစ်တပ်စခန်း ၁၄ ခုကို မနေ့က တစ်ရက် တည်းမှာတင် အောင်မြင် စစ်ဆင်ရေးဖြစ် တိုက်ခိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ -လူမှုကွန်ရက်


