Homeပြည်တွင်းသတင်းတရုတ်သံအမတ်နဲ့ စစ်ကောင်စီခေါင်းဆောင်တို့ တွေ့ဆုံပြီး လာမယ့်နှစ် ရွေးကောက်ပွဲပြင်ဆင်မှု တွေအတွက် ဆွေးနွေး

တရုတ်သံအမတ်နဲ့ စစ်ကောင်စီခေါင်းဆောင်တို့ တွေ့ဆုံပြီး လာမယ့်နှစ် ရွေးကောက်ပွဲပြင်ဆင်မှု တွေအတွက် ဆွေးနွေး

၅ ဇူလိုင်၊ ၂၀၂၄

တရုတ်သံအမတ်ကြီးနဲ့ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့ဆုံပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီသတင်း ဌာနတွေက သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၄ ရက်က တရုတ်နိုင်ငံ သံအမတ်ကြီး ချန်ဟိုင်ဟာ တာဝန်ပြီးဆုံးလို့ ပြန်လည်မထွက်ခွာခင် နေပြည်တော်ကို လာပြီး စစ်ခေါင်းဆောင်ကို လာရောက်တွေ့ဆုံတာ ဖြစ်ပြီး စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်နဲ့ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတာ တွေကို ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ၂၀၂၅ ခုနှစ်မှာ အထွေထွေ ရွေးကောက်ပွဲလုပ်မယ်လို့ ဇွန်လမှာ ကြေညာခဲ့ပေမယ့် ၂၀၂၀ ခုနှစ်က ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြည်နယ်တွေမှာ မဲအပြတ်အသတ် နိုင်ထားတဲ့ ရှမ်းပြည် နယ်က SNLD မပါဝင်တော့သလို ရခိုင်ပြည်နယ်က ANP ပါတီကိုလည်း မှတ်ပုံတင်ခွင့်မပေးခဲ့ဘဲ သူ့လက်အောက်ခံ ပါတီ တွေကိုပဲ မှတ်ပုံတင်ခွင့်ပေးထားတာ တွေ့ရပါတယ်။

တရုတ်နိုင်ငံ သံအမတ်နဲ့ စစ်ကောင်စီခေါင်းဆောင်တို့ ဆွေးနွေးပွဲမှာ ရွေးကောက်ပွဲအတွက်သာမကဘဲ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်နေတာတွေကို ဆွေးနွေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံက ကူညီဆောင်ရွက် ပေးနေတဲ့ အခြေအနေတွေကိုလည်း ဆွေးနွေးတယ်လို့ ဖော်ပြထားပါတယ်။

တရုတ်သံအမတ်ကြီး ချန်ဟိုင်က NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံကို ရောက်ရှိပြီး တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

သူ သံအမတ်အဖြစ် တာဝန်ယူထားတဲ့ကာလအတွင်း မြန်မာနိုင်ငံဟာ ကိုဗစ်ကပ်ရောဂါ၊ အာဏာသိမ်း ကာလ၊ နွေဦးတော်လှန်ရေး နဲ့ ၁၀၂၇ စစ်ဆင်ရေးတွေ ကြုံတွေ့ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့ပတ်သတ်ပြီး မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့နဲ့စစ်ကောင်စီ ကြားမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဟိုင်ဂင်သဘောတူညီချက်ကို ရယူပေးထားသလို အခု MNDAA ၊ TNLA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ ပြန်စလာတဲ့ ၁၀၂၇ ဒုတိယလှိုင်းမှာလည်း စစ်ကောင်စီ ဘက်က တရုတ်ကို သွားရောက် တိုင်တန်းတယ်လို့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။

ဆက်စပ် သတင်းများ

Most read