Homeပြည်တွင်းသတင်းတစ်နိုင်ငံလုံး မြို့နယ် ၅၆ ခုမှာ ရေလွှမ်းနေချိန် ပုဂံဘုရားတွေရဲ့ ကြံ့ခိုင်မှုကို စစ်ခေါင်းဆောင် လိုက်စစ်ဆေးပြီး ဝေဖန်

တစ်နိုင်ငံလုံး မြို့နယ် ၅၆ ခုမှာ ရေလွှမ်းနေချိန် ပုဂံဘုရားတွေရဲ့ ကြံ့ခိုင်မှုကို စစ်ခေါင်းဆောင် လိုက်စစ်ဆေးပြီး ဝေဖန်

၁၆ စက်တင်ဘာ၊ ၂၀၂၄

တစ်နိုင်ငံလုံးမြို့နယ် ၅၆ ခုမှာ ရေလွှမ်းမိုး မြေပြိုနေချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကယ်ဆယ်ရေးလုပ်ငန်းတွေ မလုပ်ဘဲ ပုဂံဘုရားတွေရဲ့ ကြံ့ခိုင်မှုကို လိုက်လံ စစ်ဆေးနေပါတယ်။

ပုဂံဘုရားစေတီကို ထိန်းသိမ်းရာမှာ ရေရှည်စီမံချက်တွေနဲ့ စနစ်တကျထိန်းသိမ်းဖို့ လိုအပ်နေပြီး လတ်တလော ထိန်းသိမ်းတဲ့ပုံစံမှာ လိုအပ်ချက်တွေ ရှိနေတယ်လို့ စစ်ခေါင်းဆောင်က ပုဂံက တာဝန်ရှိသူတွေကို ပြောတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေ မှာ ဖော်ပြပါတယ်။

စက်တင်ဘာ ၁၅ ရက်က ရေကြီးပြီး ပျက်စီးခဲ့တဲ့ ရွှေစည်းခုံ၊ သဗ္ဗညု နဲ့ ပုဂံမြို့သစ်က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဆင်ကအုတ်တိုက်တို့ကို သွားကြည့်ရင်း စစ်ခေါင်းဆောင်က ပြောခဲ့တာပါ

ပြီးခဲ့တဲ့ရက်အတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရွှေစည်းခုံစေတီတော်တောင်ဘက်စောင်းတန်း အုတ်တံတိုင်းရေစိမ့်ဝင်ပြိုကျတာ၊ သဗ္ဗညုဘုရား မြောက်ဘက်အဝင်မုခ်ဦး ပြိုကျပျက်စီးတာ နဲ့ ဆင်ကအုတ် တိုက်က နံရံနှစ်ဖက်၊ပေါင်းကူးအမိုးပျက်စီးတာတွေရှိခဲ့ပါတယ်။

ပုဂံယဉ်ကျေးမှုနယ်မြေက ဘုရားတွေကို ထိန်းသိမ်းဖို့ Master Plan နဲ့အမြင်ကျယ်ကျယ်ဆောင်ရွက်ဖို့ လိုကြောင်း စစ်ခေါင်းဆောင်ပြောဆိုမှုကို စစ်ကောင်စီ ဝါဒဖြန့် သတင်းဌာနတွေက ဖော်ပြပါတယ်။ လက်ရှိ တစ်နိုင်ငံလုံးက မြို့နယ်ပေါင်း ၅၆ ခု ရေဘေးဒဏ်ခံရနေရပြီး အသက်ဆုံးရှုံးသူ ၁၁၃ ဦးနဲ့ ပျောက်ဆုံးသူ ၆၄ ဦး နဲ့ ဒဏ်ရာရသူ ၁၄ ဦးရှိတယ်လို့ သတင်းတွေ အရ သိရပါတယ်။

တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ရေဘေးဒဏ်သင့်ဒေသတွေကို စစ်ကောင်စီဘက်က ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားလုပ်ခွင့်မပေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ ဒါ့အပြင် တချို့ဒေသတွေမှာ ကယ်ဆယ်ရေးနဲ့ကူညီထောက်ပံ့ရေးပစ္စည်းတွေကို စစ်ကောင်စီကခွင့်ပြုတဲ့ဒေသကိုပဲ ကူရတယ်လို့ ဆိုပါတယ်။

Photo – စစ်ကောင်စီ

ဆက်စပ် သတင်းများ

Most read