Homeပြည်တွင်းသတင်းဇူလိုင်လအတွင်း နိုင်ငံတစ်ဝန်းက အမျိုးသမီး ၆၃ ဦး သတ်ဖြတ်ခံရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)ဆို

ဇူလိုင်လအတွင်း နိုင်ငံတစ်ဝန်းက အမျိုးသမီး ၆၃ ဦး သတ်ဖြတ်ခံရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)ဆို

၇ ဩဂုတ်၊၂၀၂၄

ယခုနှစ်ရဲ့ ဇူလိုင်လ တစ်လအတွင်း စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်းက အမျိုးသမီး ၆၃ သေဆုံးခဲ့ပြီး ၄၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)ရဲ့ ဩဂုတ်လ ၆ ရက်နေ့က ထုတ်ပြန်မှုအရ သိရပါတယ်။

သေဆုံးသူတွေထဲမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့်သေဆုံးသူက ၄၂ ဦးနဲ့ အများဆုံးပါဝင်ပြီး တိုက်ပွဲ အတွင်း ကျည်ထိမှန်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာ၊ မီးရှို့သတ်ဖြတ်ခံရတာ စတဲ့ အကြောင်းအရာတွေနဲ့ သေဆုံးခဲ့ရသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဖော်ပြထားတဲ့ အချက်အလက်တွေအရ ဇူလိုင်လအတွင်း သေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်က ၂၂ ဦးနဲ့ အများဆုံးပါဝင်ပြီး မန္တလေးတိုင်းက ၁၇ ဦးနဲ့ ဒုတိယအများဆုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီအချက်အလက်တွေကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ တိကျခိုင်လုံတဲ့ သတင်းမီဒီယာတွေကရတဲ့ အချက်လက်တွေကို စုစည်းကောက်ယူထားတာလို့ BWU က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာတော့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်းက အမျိုးသမီး ၆၇ ဦးဆုံးပြီး ၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ BWU ရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။

Photo- BWU

ဆက်စပ် သတင်းများ

Most read