Homeပြည်တွင်းသတင်းစဉ့်ကူးမြို့ကို စစ်ကောင်စီပြန်လည်ရရှိသည်ဆိုခြင်းမှာသတင်းမှားဖြစ်ကြောင်း ဒေသခံများပြော

စဉ့်ကူးမြို့ကို စစ်ကောင်စီပြန်လည်ရရှိသည်ဆိုခြင်းမှာသတင်းမှားဖြစ်ကြောင်း ဒေသခံများပြော

၂၁ ဇူလိုင်၊ ၂၀၂၄

စဉ့်ကူးမြို့ကိုတော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီး မကြာခင်မှာပဲ စစ်ကောင်စီဘက်က ပြန်လည်ရရှိခဲ့တယ်လို့သတင်းလွှင့်နေပေမဲ့မြေပြင်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF)က ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၀ ရက်(မနေ့)က ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး က စဉ့်ကူးကိုသိမ်းပိုက်နိုင်ခဲ့ကာ မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူထားတဲ့မြို့ ဖြစ်ပါတယ်။

အဲဒီနောက်ဇူလိုင် ၂၀ ရက်၊ ည ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်တွေက ရေကြောင်းကနေဆန်တက်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် စဉ့်ကူးမြို့အနောက်ဘက်ရွာတွေက ဒေသခံပြည်သူတွေ ရာနဲ့ချီ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

“စဉ့်ကူးမြို့ထဲကို ညက စစ်သားတွေ ရောက်နေကြတယ်။ လူအင်အားနည်းတယ်၊ မြို့ကို ပြန်သိမ်းဖို့က ရေကြောင်းကပါ ပြန်ဝင်လာကြမယ်ထင်တယ်။ မနေ့ညက ၁၀နာရီလောက်က မြို့ပေါ်ကိုပစ်တာပါ။ လူသေ/မသေတော့မသိပါဘူး။ ဖုန်းလိုင်းတွေတော့ တချို့နေရာတွေက ရသေးတယ်၊ အကုန်ပြတ်မသွားဘူး” လို့ စဉ့်ကူးမြို့ခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

စဉ့်ကူးမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းအားလုံးကို ဇူလိုင် ၁၇ရက်မှာ အပြီးသတ် သိမ်းပိုက်ခဲ့ပြီး စဉ့်ကူးမြို့ကို ဇူလိုင် ၂၀ ရက်မှာ အပြီးသတ် ထိန်းချုပ်သိမ်းပိုက်နိုင်တာ ဖြစ်ပါတယ်။

စဉ့်ကူးမြို့ကို သိမ်းပိုက်နိုင်ရန် အချိန်ယူခဲ့ရသလို အလွယ်တကူ ပြန်ပြီး လက်လွှတ်ခံမှာ မဟုတ်ဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးဘက်က ကြေညာထားပါတယ်။

စဉ့်ကူးတိုက်ပွဲတွေမှာ ဒုတိယဗိုလ်မှူးကြီးအဆင့်ကစပြီး စစ်သုံ့ပန်း ၁၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းထားကာ နိုင်ငံတကာသုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက ကြေညာထားပါတယ်။

ဆက်စပ် သတင်းများ

Most read