မြန်မာနိုင်ငံံမှာ စစ်အာဏာသိမ်းချိန်ကစလို့ စစ်ကောင်စီဟာ သူ့ကိုဆန့်ကျင်တဲ့ ပြည်သူပေါင်းများစွာကို အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်တာတွေ၊ ထောင်ချတာတွေကို ဆက်တိုက်ပြုလုပ်နေပြီး ခုချိန်ထိလည်း ပြုလုပ်နေဆဲဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်အောက်တိုဘာ ၂၆ ရက်နေ့အထိ စာရင်းတွေအရဆိုရင် စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးပေါင်း ၃၂၃၂ ဦးအထိ ရှိတယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂ က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေ အရ သိရပါတယ်။ ခုလို စစ်တပ်ရဲ့ ရက်စက်တဲ့ ဖိနှိပ်မှုတွေရှိနေပေမယ့် လည်း စစ်အာဏာရှင်ကို ဆန့်ကျင်မယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ အမျိုးသမီးပေါင်းများစွာကတော့ စစ်အာဏာရှင်စနစ်ကို အဆုံးတိုင်ဖြုတ်ချနိုင်ဖို့ ရဲရဲရင့်ရင့် ဆက်လက်တွန်းလှန်နေဆဲဖြစ်ပါတယ်။