Homeပြည်တွင်းသတင်းစစ်ဘေးရှောင် ရိုဟင်ဂျာတွေ သတ်ဖြတ်ခံရမှု အမေရိကန် - အစ္စလာမ် ဆက်ဆံရေး ကောင်စီ ရှုတ်ချ

စစ်ဘေးရှောင် ရိုဟင်ဂျာတွေ သတ်ဖြတ်ခံရမှု အမေရိကန် – အစ္စလာမ် ဆက်ဆံရေး ကောင်စီ ရှုတ်ချ

၁၄ ဩဂုတ်၊ ၂၀၂၄

ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင် ရိုဟင်ဂျာတွေ သတ်ဖြတ်ခံရတဲ့ အပေါ် အမေရိကန် – အစ္စလာမ် ဆက်ဆံရေး ကောင်စီ CAIR က ဩဂုတ် ၁၃ ရက်က ထုတ်ပြန်ချက်မှာ ရှုတ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ခိုင်ပြည်နယ် မောင်တောမြို့ကို AA က သိမ်းဖို့ကြိုးစားတဲ့ ဖြစ်စဉ်မှာတော့ ရိုဟင်ဂျာ ၁ ထောင်ကျော်ဟာ နတ်မြစ်ကို ဖြတ်ကူးပြီး ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိဖို့လုပ်နေစဉ်မှာပဲ ဒရုန်းနဲ့ ဗုံးကျဲခံရလို့ ရိုဟင်ဂျာ ၂၀၀ ဝန်းကျင်သေဆုံးခဲ့တယ်လို့ မျက်မြင်တွေက ပြောဆိုထားပါတယ်။

ဒီလုပ်ရပ်ကို အာရက္ခတပ်တော် AA က လုပ်ခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောဆိုထားပေမယ့် အာရက္ခတပ်တော် AA ကတော့ သူတို့ လုပ်တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

“အကြမ်းဖက်မှုကနေ လွတ်မြောက်ဖို့ ကြိုးပမ်းနေတဲ့ အပြစ်မဲ့ အရပ်သားတွေအပေါ် အခုလို ပြင်းထန်တဲ့ တိုက်ခိုက်မှုကို ရှုတ်ချပြီး မြန်မာ အစိုးရနဲ့ အတိုက်အခံတွေဘဲ ဖြစ်စေ၊ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေကနေ ရိုဟင်ဂျာ မွတ်ဆလင်တွေကို နိုင်ငံတကာ အသိုက်အဝန်းကို အကာအကွယ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။”လို့ CAIR ရဲ့အမှုဆောင် ဒါရိုက်တာ Nihad Awad က ပြောပါတယ်။

စစ်ကောင်စီက ရိုဟင်ဂျာတွေကို အတင်းအဓမ္မစစ်မှုထမ်းစေတာတွေကြောင့်လည်း ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာတွေအကြားတင်းမာမှုတွေကို ပိုပြီးဖြစ်စေတယ် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ကလည်း ထုတ်ပြန်ထားပါတယ်။

ပုံစာ – ပြီးခဲ့သော အပတ်က နတ်မြစ်အနီးတွေ့ရသော ရိုဟင်ဂျာအလောင်းများ

ဆက်စပ် သတင်းများ

Most read