Homeပြည်တွင်းသတင်းစစ်ဘေးရှောင်တွေကို NUG အကူအညီပေး

စစ်ဘေးရှောင်တွေကို NUG အကူအညီပေး

နိုဝင်ဘာ ၂၀၂၅

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ ကာကွယ်​ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်​ရေးတပ်မ​တော်၊ နေပြည်​တော်တိုင်းစစ်ဌာန ပြည်သူ့လုံခြုံ​ရေးဌာနမှ စစ်ဘေးရှောင်ပြည်သူတွေကို လူသားချင်းစာနာ​​ထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနေတယ်လို့ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ နိုဝင်ဘာလ ၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။

စစ်ဆင်​ရေးနယ်​မြေရှိကျေးရွာ​နေပြည်သူ့​နေအိမ်တွေကို စစ်ကော်မရှင်တပ် စစ်​ကြောင်းထိုးဝင်​ရောက်မီးရှို့ဖျက်ဆီးတာ၊ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီး​ခေါ်​ဆောင်တာတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။

အဲဒီအပြင် ကျေးရွာ​နေပြည်သူ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ လေ​ကြောင်းမှ Jet fighter၊Drone ၊Paramotorတွေအသုံးပြုပြီး တိုက်ခိုက်တာစတဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာ၊ လူ့အခွင့်အ​ရေးချိုး​ဖောက်တာတွေကို ဆက်တိုက်ကျူးလွန်နေတယ်လို့ဆိုပါတယ်။

အဲဒါကြောင့် ပြည်သူတွေအနေနဲ့ ​တော်လှန်သတိ၊ အသိအမြဲရှိ​နေဖို့၊ လက်နက်ကြီးနဲ့ လေ​ကြောင်းအန္တရာယ်ကြိုတင်ကာကွယ်ဖို့ဆောင်ရန်၊ ရှောင်ရန် သတင်းထုတ်ပြန်ချက်တွေကို တိကျစွာလိုက်နာကြဖို့ အသိပေးထားပါတယ်။

ပြည်တွင်းပြည်ပရှိ ​တော်လှန်မိဘပြည်သူများအ​နေနဲ့ ကျနော်တို့စစ်ဆင်​ရေးနယ်​မြေရပ်ဝန်းရှိ စစ်​ဘေးရှောင်ပြည်သူတွေကို အ​​ရေး​ပေါ်လူသားချင်းစာနာ​ထောက်ထားမှုဆိုင်ရာ အကူအညီတွေလှူတန်းချင်ရင် ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် နေပြည်​တော်တိုင်းစစ်တိုင်းပြည်သူ့လုံခြုံ​ရေးဌာနမှတဆင့် တိုက်ရိုက်ချိတ်ဆက် ကူညီလှူတန်းနိုင်တယ်လို့လည်း အသိပေးထားပါတယ်။

ဓာတ်ပုံ – နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး