Homeပြည်တွင်းသတင်းစစ်တွေ ဗျိုင်းဖြူရွာ စီးနင်းခံရမှု သတ်ဖြတ်ခံရသူ ၇၆ ဦးအထိရှိလာကြောင်း AA ထုတ်ပြန်

စစ်တွေ ဗျိုင်းဖြူရွာ စီးနင်းခံရမှု သတ်ဖြတ်ခံရသူ ၇၆ ဦးအထိရှိလာကြောင်း AA ထုတ်ပြန်

၄ ဇွန်၊၂၀၂၄

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့အနီး ဆတ်ရိုးကျရပ်ကွက် (ယခင် ဗျိုင်းဖြူရွာ) မှာ သတ်ဖြတ်ခံရတဲ့ အရပ်သား ၇၆ ဦးအထိ ရှိလာပြီလို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၄ ရက် ဒီနေ့မှာ သတင်းထုတ် ပြန်ပါတယ်။

သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း မကြာခင်ထုတ်ပြန်မယ်လို့ AA က ပြောပါတယ်။

အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ ဗျိုင်းဖြူရွာကို မေလ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်သားက တစ်ရာကျော်က ကားခုနစ်စီးနဲ့အတူ တစ်ရွာလုံးကို ပိတ်ဆို့ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီတပ်က အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ လူနေအိမ်တချို့ကို မီးရှို့တာနဲ့ တန်ဖိုး ရှိ ပစ္စည်း တွေကို လုယူတာ စတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့သလို ထောင်နဲ့ချီတဲ့ ရွာသားတွေကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားဆဲဖြစ်တယ်လို့ AA က ပြောထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အခုလို အစုအလိုက်အပြုံလိုက်သတ်ဖြတ်မှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုအသီးသီးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) နဲ့ ကျောင်းသားလက်ရုံး တပ်တော် (က.လ.တ) တို့ကလည်း ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန် ထားပါတယ်။

ဆက်စပ် သတင်းများ

Most read