Homeပြည်တွင်းသတင်းစစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ပဲခူးတိုင်းမှာ တစ်လကျော်ကာလအတွင်း ပြည်သူ (၂၅ ) ဦးသေဆုံးခဲ့

စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် ပဲခူးတိုင်းမှာ တစ်လကျော်ကာလအတွင်း ပြည်သူ (၂၅ ) ဦးသေဆုံးခဲ့

၁၀ စက်တင်ဘာ ၊ ၂၀၂၅

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ပဲခူးတိုင်းအတွင်း ဇူလိုင်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိ ပြည်သူ (၂၅) ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ကောက် ယူထားတဲ့စာရင်းတွေအရ သိရပါတယ်။

AAPP က ကောက်ယူထားတဲ့စာရင်းအရ သေဆုံးသူတွေမှာ အမျိုးသမီး (၆)ဦး၊အမျိုးသား (၁၉) ဦး စုစုပေါင်း (၂၅)ဦးဖြစ်ပြီး အဆိုပါအရေအတွက်အတွင်း အသက် ၁၈ နှစ်အောက်ကလေးငယ် (၆) ဦးပါ ဝင်နေပြီး လေကြောင်း ပစ်ခက်မှုကြောင့် (၁၆) ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး အဆိုပါကာလအတွင်း ၎င်းဒေသအတွင်းမှာ အတည်ပြုဖို့လိုအပ်နေဆဲ သေဆုံးအရပ်သား (၁၅) ဦးရဲ့ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ဖို့ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့အထိ စစ်တပ်ရဲ့အကြမ်းဖက်မှုကြောင့် သေဆုံးသူပြည်သူ (၇၂၀၇) ဦး၊ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၆၄၄) ဦးရှိပြီး ထိုအထဲမှ (၂၂၃၇၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထန်းသိမ်းခံနေရသူများအနက်မှ (၁၁၀၅၅) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရဆဲဖြစ်တယ်လို့ AAPPရဲ့ စာရင်းတွေအရ သိရပါတယ်။

ဓာတ်ပုံ – AAPP

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး