Homeပြည်တွင်းသတင်းစစ်ခေါင်းဆောင်အာဏာစွန့်လွှတ်ရေး နားချဖို့ ဦးသိန်းစိန်ကို တရုတ်နိင်ငံခြားရေးဝန်ကြီး တိုက်တွန်း

စစ်ခေါင်းဆောင်အာဏာစွန့်လွှတ်ရေး နားချဖို့ ဦးသိန်းစိန်ကို တရုတ်နိင်ငံခြားရေးဝန်ကြီး တိုက်တွန်း

၁၀ ဇူလိုင်၊ ၂၀၂၄

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာစွန့်ဖို့အတွက် နားချပေးဖို့ သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်းခဲ့တယ်လို့ စင်္ကာပူ အခြေစိုက် Channel News Asia သတင်းဌာနက Leong Wai Kit က တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ရေးသားဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ လမ်းဖွင့်ပေးတဲ့ အနေနဲ့ ကြားဖြတ်အစိုးရ အဖွဲအစည်း တခုဖွဲ့စည်းရေး နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာစွန့်လွှတ်ဖို့ နားချပေးရေးတို့အတွက် ဦးသိန်းစိန်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးက တိုက်တွန်းခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဦးသိန်းစိန်ဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ် ချမှတ်ခဲ့တဲ့ နှစ်(၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ဖို့ ဇွန်လကုန်က တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး အခမ်းအနား အစီအစဉ်ပြင်ပမှာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ရင်းရင်းနှီးနှီး ဆွေးနွေးကြတဲ့အကြောင်း တရားဝင်သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

ဦးသိန်းစိန်ဟာ စစ်အစိုးရလက်ထက်မှာ ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး ၂၀၁၀ အရပ်သားတစ်ပိုင်း အစိုးရလက် ထက်မှာလည်း သမ္မတအဖြစ် တာဝန်ယူဖူးသူပါ။

ဦးသိန်းစိန် တရုတ်နိုင်ငံ သွားရောက်တဲ့အချိန်ဟာဟိုင်ဂင်သဘောတူညီချက်ကုန်ဆုံးပြီး ၁၀၂၇ ဒုတိယပိုင်း ပြန်လည်စတင်နေချိန်လည်း ဖြစ်ပါတယ်။

ဇူလိုင်လ ၆ ရက်မှာ စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တရုတ်ဦးဆောင်ဖွဲ့စည်း ထားတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အစိမ်းရောင်ဖွံဖြိုးတိုးတက်ရေးဖိုရမ်ကို တက်ရောက်ဖို့ တရုတ်နိုင်ငံကို သွားရောက်ပြီး တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ရဲ့ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စရှန်ယွဲ့ယွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read