Homeပြည်တွင်းသတင်းစစ်ကော်မရှင်လုပ်တဲ့ ရွေးကောက်ပွဲမှာ စစ်ကော်မရှင် ဝန်ကြီးချုပ် ညိုစော ကိုကိုးကျွန်းက အနိုင်ရ

စစ်ကော်မရှင်လုပ်တဲ့ ရွေးကောက်ပွဲမှာ စစ်ကော်မရှင် ဝန်ကြီးချုပ် ညိုစော ကိုကိုးကျွန်းက အနိုင်ရ

၁၁ ဇန်နဝါရီ

စစ်ကော်မရှင်က လုပ်တဲ့ ရွေးကောက်ပွဲမှာ ကိုကိုးကျွန်းမြို့နယ်က ဝင်ပြိုင်တဲ့ စစ်ကော်မရှင်ဝန်ကြီးချုပ်ဦးညိုစောဟာ ပြိုင်ဘက်ပါတီက ကိုယ်စားလှယ်လောင်းတွေကို ကြိုတင်မဲ အပြတ်အသတ်နဲ့ အနိုင်ရတယ်လို့ ကြံ့ဖွံ့ပါတီနဲ့ နီးစပ်သူ တဦးက New Day Myanmar ကိုပြောပါတယ်။

စစ်ကော်မရှင်က လုပ်တဲ့ ရွေးကောက်ပွဲအပိုင်း ၂ မှာ စစ်ကော်မရှင်ဝန်ကြီးချုပ် ညိုစောက ကြံ့ဖွံ့ပါတီကနေဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ကိုကိုးကျွန်းမှာ ကြံ့ဖွံ့ပါတီကနေပဲ ဒုရဲချုပ်ဟောင်း အောင်နိုင်သူလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

“လွှတ်တော် ၃ ရပ်စလုံးအတွက် ကြံံ့ခိုင်ရေးပါတီကပဲ မဲအပြတ်အသတ်နဲ့အနိုင်ရတာပါ။ မဲပေးတာလည်း ပြီးပြီဆိုတော့ ရလဒ်က အတည်ပါပဲ။”လို့ ကြံ့ဖွံ့ပါတီနဲ့ နီးစပ်သူ တဦးက New Day ​Myanmar ကိုပြောပါတယ်။

ရန်ကုန်တိုင်းထဲမှာ ရှိတဲ့ ကိုကိုးကျွန်းမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ စစ်တပ်နဲ့ မိသာစုဝင်တွေသာ အများစုနေထိုင်ကြတဲ့ နေရာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး