Homeပြည်တွင်းသတင်းစစ်ကောင်စီအာဏာသိမ်းပြီး သုံးနှစ်ခွဲကာလအတွင်း ကရင်နီဒေသမှာ အရပ်သား ၅၁၄ ဦးသေဆုံးခဲ့ရ

စစ်ကောင်စီအာဏာသိမ်းပြီး သုံးနှစ်ခွဲကာလအတွင်း ကရင်နီဒေသမှာ အရပ်သား ၅၁၄ ဦးသေဆုံးခဲ့ရ

၃ ဩဂုတ်၊၂၀၂၄

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ခွဲအတွင်း ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲအကြိမ်ရေ ၁၂၀၀ နီးပါး ရှိခဲ့ပြီး သတ်ဖြတ်ခံရတဲ့ အရပ်သားပြည်သူ ၅၁၄ ဦးထိ ရှိခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

အာဏာသိမ်းကာလအတွင်း တိုက်ပွဲ ၁၁၈၉ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၆၅၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့လည်း PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲကာလအတွင်း လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုအပါအဝင် စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အအုံ ၅၂ ခု၊ စာသင်ကျောင်း ၂၅ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၆ ခုနဲ့ လူနေအိမ် ၂၆၈၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရသူဟာ ၁၆၂ ဦးရှိတယ်လို့ PKPF က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်အထိ ကရင်နီပြည်နယ်ထဲမှာ စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အ ရေးအချိုးဖောက်ခံရတာ တွေနဲ့ ပတ်သက်ပြီးတော့ သတင်းထုတ်ပြန်ထားတာဖြစ်ပြီး စစ် ရှောင်သေဆုံးသူ ၁၅၃ ဦး၊ KNDF/PDF/KA ကျဆုံးသူ ၆၀၈ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ သြဂုတ်လ ၂ ရက်နေ့အထိ စာရင်တွေအရ အာဏာသိမ်း သုံးနှစ်ခွဲအတွင်း နိုင်ငံတစ်ဝန်းမှာ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၅၄၇၂ ဦး သေဆုံးခဲ့ပါတယ်။
Photo- PKPF

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး