Homeပြည်တွင်းသတင်းစစ်ကောင်စီအာဏာသိမ်းပြီးနောက် ထိုင်းစီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင်းကထွက်ခွာမှုများပြားလာ

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ထိုင်းစီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင်းကထွက်ခွာမှုများပြားလာ

၁၆ ဇူလိုင်၊ ၂၀၂၄

မြန်မာနိုင်ငံရေး မတည်ငြိမ်မှုကြောင့် ဒေါ်လာ ၇ ဘီလီယံတန်ဖိုးရှိတဲ့ ထိုင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ မြန်မာပြည်ကထွက်ခွာသွားတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ရေးသားဖော်ပြချက်အရ သိရပါတယ်။

စစ်ကောင်စီ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရ ထိုင်းနိုင်ငံက မြန်မာပြည်တွင်းမှာ တတိယအများဆုံးရင်းနှီးမြှုပ်နှံထားတဲ့နိုင်ငံဖြစ်ပါတယ်။

စုစုပေါင်းတန်ဖိုး ဒေါ်လာ ၁၁ ဘီလီယံကျော်ဖိုး ရင်းနှီးမြှုပ်နှံထားပြီး လုပ်ငန်းပေါင်း ၁၅၅ ခု ရှိနေပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်း ၅၀ နှုတ်ထွက်သွားတဲ့အတွက် ဒေါ်လာ ၇.၁ ဘီလီယံဖိုး လျော့ကျသွားပြီး လက်ရှိထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးဟာ ၄.၅ ဘီလီယံသာ ကျန်တော့ပြီး လုပ်ငန်း ၁၀၅ ခုသာ ရှိတော့ပါတယ်။

မြန်မာပြည်တွင်းက မတည်ငြိမ်တဲ့အခြေအနေတွေကြောင့် ထိုင်းစတော့အိတ်ချိန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ထိုင်းကုမ္ပဏီတွေက မြန်မာနိုင်ငံက လုပ်ငန်းတွေကို ရုတ်သိမ်းလိုက်တာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read