Homeပြည်တွင်းသတင်းစစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမျှမှုရှိမှာ မဟုတ်ဘူးလို့ ကုလအထွေထွေအတွင်းရေးမှူးချုပ် ပြော

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမျှမှုရှိမှာ မဟုတ်ဘူးလို့ ကုလအထွေထွေအတွင်းရေးမှူးချုပ် ပြော

၁ ဖေဖော်ဝါရီ၊ ၂၀၂၅

စစ်ကောင်စီဟာ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေပြုလုပ်နေပြီး အခုချိန်ပြုလုပ်တဲ့ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမှာမဟုတ်ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောလိုက်ပါတယ်။

စစ်ကောင်စီ လုပ်ဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲဟာ လိမ်လည်မှုသာဖြစ်ပြီး အတိုက်အခံတွေကို ဖမ်းဆီးထားတာကြောင့် မဲပေးဖို့ မဖြစ်နိုင်ဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောလူအခွင့်အရေးကျွမ်းကျင်သူ တွမ်အင်ဒရူးရဲ့ ပြောကြားချက်ကိုလည်းဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်အနေနဲ့ ထုတ်ပြန်တဲ့ ဇန်နဝါရီ ၃၀ ရက်က ကြိုတင်ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းထားပါတယ်။

နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားတာကို လက်လွှတ်ပြီး ပြည်သူ့အုပ်ချုပ်ရေးကို ပြန်လည်ဖော်ဆောင်ဖို့ အကြမ်းဖက်စစ်ကောင်စီကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောလိုက်ပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းချိန်က စလို့ မြန်မာနိုင်ငံဟာ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းကျရောက်ပြီး အဘက်ဘက်က ယိုယွင်းနေပြီလို့ ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read