Homeပြည်တွင်းသတင်းစစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီ နှစ်ခုရဲ့ ပါတီမှတ်ပုံတင်ခွင့်ကို ငြင်းပယ်

စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီ နှစ်ခုရဲ့ ပါတီမှတ်ပုံတင်ခွင့်ကို ငြင်းပယ်

၆ ဩဂုတ်၊ ၂၀၂၄

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကောက်မရှင်က လူ့ဘောင်သစ်ပါတီ (NSP) နှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (Zomi Congress for Democracy Party) တို့ရဲ့ လျှောက်ထားချက်တွေ ငြင်းပယ်လိုက်တယ်လို့ ဩဂုတ်လ ၆ ရက်မှာ စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေကတဆင့် ထုတ်ပြန် ကြေညာလိုက်ပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ပေးပါရန် လူ့ဘောင်သစ်ပါတီ (NSP) နဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (Zomi Congress for Democracy Party) တို့ရဲ့ လျှောက်ထားချက်တွေအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ စိစစ်ပြန်ကြားချက်အရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိရတဲ့တယ်လို့ စစ်ကောင်စီရဲ့ ရွေးကော်အဖွဲ့က ဖော်ပြပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေးအမှတ်စဉ် (၁၆/၂၀၂၄) ဆုံးဖြတ်ချက်အရ ဒီပါတီနှစ်ခုရဲ့ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများပါ ပုံစံ(ဆ)နဲ့ ငြင်းပယ်လိုက်ကြောင်းနဲ့ ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ တခြားအဖွဲ့တွေကိုလည်း ဆက်ပြီး စိစစ်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွက် စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လူ့ဘောင်သစ်ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့အင်အားပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ၊ ပြည်ထောင်စုတိုးတက်ဖွံ့ဖြိုးရေးပါတီ၊ ချင်းပြည်သူ့ပါတီ၊ ဒီမိုကရေစီပါတီ စတဲ့ ပါတီ ကိုးခုကို မှတ်ပုံတင်ခွင့် ပယ်ဖျက်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read