Homeပြည်တွင်းသတင်းစစ်ကောင်စီလက်အောက်ခံ စိန်ကျော့ ပြည်သူ့စစ်ရာချီ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)ထံ ပူးပေါင်း

စစ်ကောင်စီလက်အောက်ခံ စိန်ကျော့ ပြည်သူ့စစ်ရာချီ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)ထံ ပူးပေါင်း

၅ စက်တင်ဘာ၊၂၀၂၄

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) အဖွဲ့အဖြစ်ကနေ စစ်တပ်လက်အောက် ပြည်သူ့စစ်အဖြစ်အသွင်ပြောင်းခဲ့တဲ့ စိန်ကျော့ ပြည်သူ့စစ်ရာချီဟာ လက်နက်အပြည့်အစုံနဲ့ ပြန်လည် ပူးပေါင်းလာတယ်လို့ SSPP က သတင်းထုတ်ပြန်လာပါတယ်။

စိန်ကျော့ ပြည်သူ့စစ်ရာချီSSPP/SSA နဲ့ ပြန်လည်ပူးပေါင်းတဲ့အခမ်းအနားကို SSPP ဌာနချုပ် ဝမ်ဟိုင်းမှာ ဒီနေ့မနက်ပိုင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး SSPP/SSA ဥက္ကဋ္ဌကိုယ်တိုင် ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။

မူရင်းတပ်ဖွဲ့ထံ တာဝန်ထန်းဆောင်ဖို့ပြန်လည် ရောက်ရှိလာတဲ့ စိန်ကျော့ ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေကို SSPP/SSA မှ ဆုတော်ငွေ ကျပ်သိန်း ၄၀၀ ကျော် ပေးခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ဖွဲ့စည်းပုံအားဖြင့် တပ်အင်အား (၃၀၈) ဦးနဲ့ ဖွဲ့စည်းထား တာကြောင့် SSPP/SSA ထံကို လာရောက်ပူးပေါင်းခဲ့တဲ့ စိန်ကျော့နဲ့ မိုင်းခေး တပ်မဟာ (၃) တပ်တွေမှာ အင်အား (၆၀၀) ကျော်နိုင်တယ်လို့လည်း သိရပါတယ်။

စိန်ကျော့ပြည်သူ့စစ်ဟာ ၂၀၁၀ ပြည့်နှစ်မှာ စစ်ကောင်စီလက်အောက် ပြည်သူ့စစ်အသွင် ကူးပြောင်းခဲ့တဲ့ အဖွဲ့ဖြစ်ပြီး (၁၄) နှစ်အကြာမှာ အခုလို မူရင်း SSPP/SSA တပ်ဖွဲ့ထံသို့ ပြန်လည်ပူးပေါင်းလာခြင်း ဖြစ်သည်။

ပုံစာ-(SSPP/SSA တပ်ဖွဲ့ထံ ပြန်လည်ပူးပေါင်းလာသည့် စိတ်ကျော့ ပြည်သူစစ်တပ်ဖွဲ့ဝင်များ)
Photo – SSPP/SSA Info

ဆက်စပ် သတင်းများ

Most read