စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့် ဇန်နဝါရီလ ၁ရက်နေ့ကနေ မေလ ၂၁ ရက်နေ့အထိ ငါးလဝန်းကျင် ကာလ အတွင်း ပညာရေးဝန်ထမ်း ၃၀ ကျော်အပါအဝင် ပြည်သူ (၅၀) ဦးသေဆုံးခဲ့လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းတွေအရ သိရပါတယ်။
နိုင်ငံတဝန်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ပညာရေးကဏ္ဍမှ ဆရာ၊ ဆရာမ ၊ ကျောင်းသား၊ ကျောင်းသူ အမျိုးသမီး (၃၂) ဦး နဲ့ အမျိုးသား (၁၈) ဦး စုစုပေါင်း (၅၀) ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါအရေအတွက်အတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် (၃၈) ဦး ပါဝင်နေပြီး သေဆုံးသူ တွေ အနက် (၄၀) ဦးမှာ စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး လက်နက်ကြီးနဲ့ ပစ် ခတ်မှုကြောင့် (၄) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ လေးနှစ်ကျော်ကာလအတွင်း စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် သေဆုံး ခဲ့သူ ပြည်သူစုစုပေါင်းမှာ (၆၇၁၀) ဦး ရှိခဲ့ပြီဖြစ်ပြီး မတရားဖမ်းဆီးခံရသူ စုစုပေါင်း (၂၉၁၆၇) ဦးရှိခဲ့ကြောင့်နဲ့ ထိုအထဲမှ (၂၂၀၉၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၂၅) ဦးမှာ ထောင် ဒဏ်ချမှတ်ခံထားရဆဲဖြစ်ပါတယ်။
ပုံစာ (မြိုင်မြို့နယ် ဗဟင်းကျေးရွာကို စစ်တပ်ကလေကြောင်းနဲ့တိုက်ခိုက်ထားမှု)
ဓာတ်ပုံ – Cj